Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းရန်လူစုပေးနေသော ရွှေဘိုမြို့အမှတ်(၄) ရပ်ကွက်အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

(သေဆုံးသူအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော သေနတ်အတုနှင့် ကျည်များ၊ ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ကြီး၏ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘိုအားမာန်)
(သေဆုံးသူအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော သေနတ်အတုနှင့် ကျည်များ၊ ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ကြီး၏ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘိုအားမာန်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန်လူစုပေးနေသော အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (မတ်လ ၂၂ရက်) နံနက် ၁၀နာရီခွဲခန့်ကရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးရှိ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်ထိုင်နေသော အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ)ကျွဲမကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင် ကိုအားမာန်က ပြောသည်။

(သေဆုံးသူအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော သေနတ်အတုနှင့် ကျည်များ၊ ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ကြီး၏ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘိုအားမာန်)
(သေဆုံးသူအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော သေနတ်အတုနှင့် ကျည်များ၊ ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ကြီး၏ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ – ရွှေဘိုအားမာန်)

” သူကအရင်က တပ်ထောက်ခံဖို့ဆိုပြီး လူစုတာ။ သူကခေါင်းဆောင်လေ။ သူ့ရပ်ကွက်ထဲက သူနဲ့မတည့်တဲ့ပြည်သူတွေကို လှည့်ကုတ်(ဖမ်း)တယ်။ စစ်မှုထမ်းဆောင်ဖို့ အတင်းအဓမ္မတိုက်တွန်းခေါ်တယ်။ ဟိုနေ့ကမှ သူ့ကြောင့် ရပ်ကွက်ထဲက လူငယ်လေး သုံးယောက် ပါသွားသေးတယ်။”ဟု ကိုအားမာန်က ပြောသည်။

၎င်းသည် ပြည်သူများအား ဖိအားပေး၍ စစ်မှု ထမ်းစေခြင်း၊ စစ်အုပ်စုနှင့်ပေါင်း၍ အနိုင်ကျင့် ဗိုလ်ကျ မတရား ဖမ်းဆီးခြင်း၊ ၎င်း​၏ နေအိမ် ဝင်းအတွင်းမှနေ၍ စစ်အုပ်စုက ပြည်သူများအား ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ ကျည်များ၊ စစ်ကောင်စီမှ ထုတ်ထားသည့် စစ်မှုထမ်းဖိတ်ခေါ်မှု လက်ကမ်းစာစောင်၊ ဖုန်းတစ်လုံး၊ သေနတ် အတုတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကို Shwebo Crocodile ၊ သိင်္ခအားမာန် ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ဗိုလ်လင်းရောင်(ဒကယ)၊ဇာမဏီဒေါင်း ၊ တန(၂) တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီပေးနေသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ကြေညာထားခဲ့ပြီးနောက် တစ်ပတ်အတွင်း အသတ်ခံရသည့် စစ်ကောင်စီတပ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ အနည်းဆုံး ၁၇ဦးခန့်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာပြီးနောက် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ လူဦးရေစာရင်းကောက်ယူခြင်း ၊ စစ်မှုထမ်းရန်အတွက် လူငယ် များအား မဲနှိုက်ရွေးချယ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။