Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထွက်စာတင်

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

(စမ်းချောင်းမြို့နယ် မုန့်‌လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လုံခြုံရေးယူနေကြစဉ်။ ဓာတ်ပုံ - စမ်းချောင်းပင်မသပိတ်)
(စမ်းချောင်းမြို့နယ် မုန့်‌လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လုံခြုံရေးယူနေကြစဉ်။ ဓာတ်ပုံ - စမ်းချောင်းပင်မသပိတ်)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီနေသူများအား ဓာတ်ပုံနှင့်ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်သူများရှိသလို တိမ်းရှောင်သူများလည်းရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာကြီးကပြောသည်။

“စမ်းချောင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်မယ့် ‌စစ်တပ် ထောက်တိုင်တွေရဲ့ အချက်အလက်တွေကိုထုတ်ပြန်ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးမှူးတွေကြားမှာလည်း အကွဲကွဲ အပြဲပြဲတွေဖြစ်ကြတယ်။ သံသယတွေရှိတယ်ဆိုတဲ့ သတင်းစကားတွေကြားတယ်။ နောက်ထပ်တစ်ခုက အုပ်ချုပ်ရေးမှူးတွေစစ်ကောင်စီကိုသွားပြီး နှုတ်ထွက်စာတင်ကြတယ်။ တချို့တွေဆို စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လူငယ်စုဆောင်းရေးကို မလုပ်နိုင်ဘူးလို့ သွားပြောကြတဲ့သူတွေရှိတယ်လို့ ကြားရတယ်။” ဟု ၎င်းက ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

“မုန့်/တောင် ကရဲမြင့်က နှုတ်ထွက်စာတင်တာကို ကျွန်တော်တို့ အတိအကျသိရတယ်။ နောက်တစ်ယောက်က ဟုမ်းလမ်းအုပ်ကြီးစိုးသိမ်း။ သူလည်းနှုတ်ထွက်စာတင်တယ်။ တင်တဲ့အခါမှာ စစ်တပ်ကလက်မခံဘူး။ အဲဒါကြောင့် ဟုမ်းလမ်းအုပ်ကြီး ဆိုရင် သူ့ရဲ့ ရုံးမှာရှိတဲ့ စာရွက်စာတမ်းနဲ့ ရုံးသော့ကို ဓမ္မာရုံမှာအပ်ပြီးတော့ စမ်းချောင်းထဲက ထွက်ပြေးသွားပြီလို့သိရတယ်။”ဟု ကိုပီတာကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အုပ်ချုပ်ရေးမှူးအချို့က စစ်ကောင်စီကို ၎င်းတို့လုံခြုံရေးအတွက် အကူအညီတောင်းခံမှုများ‌ရှိသောကြောင့် လက်ရှိတွင် စမ်းချောင်းမြို့နယ်၌ အရပ်ဝတ်ဖြင့်စစ်ကောင်စီဝင်များ ခြေရှုပ်နေသည်ဟု သိရကြောင်း ၎င်းကဆိုသည်။

ထို့ပြင် အချို့အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ကိုယ်တိုင် အိမ်တွင်းပုန်းနေသော်လည်း ၎င်းတို့နှင့် နီးစပ်သူများကို ဖိအားပေးကာ စာရွက်ဝေခိုင်းသည့် ဖြစ်စဉ်များရှိသောကြောင့် ယင်းကိစ္စများ နှင့် ပတ်သက်၍ စောင့်ကြည့်နေပြီး စစ်မှုထမ်းဥပဒေအတွက် ကူညီပေးသူများ၏ အချက်အလက်များကို ဓာတ်ပုံများဖြင့် ထပ်မံကြေညာပေးမည်ဟု ကိုပီတာကြီးက ပြောသည်။

“ဒီလူတွေကိုလည်း ရတဲ့ ပုံစံမျိုးနဲ့ အင်အားစုတွေပေါင်းပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ ဒီကောင်တွေတင်မကဘူး။ ဒီကောင်တွေရဲ့ မိသားစုဝင်တွေကိုပါ ချန်လှပ်ထားမှာ မဟုတ်ဘူး။ မစ်ရှင်ဖော်ဆောင်တဲ့အခါမှာ သူတို့အကုန်လုံးကို ဒလန်လို့ပဲမှတ်ယူပြီးတော့ စစ်ရေးပစ်မှတ်တွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ NUG ရဲ့ အဖွဲ့အစည်းတွေ ရန်ကုန်မြို့ပြမှာရှိတဲ့ UG တွေကို သတင်းစကား တွေပေးပို့ထားမှာဖြစ်တယ်ဆိုတာ အတိအလင်းပြောချင်ပါတယ်” ဟု ကိုပီတာကြီးက ပြောသည်။

အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် သတင်းပေး ပြုလုပ်သူများသည် ၎င်းတို့လုပ်သည့် ကိစ္စများကို အခြားသူများမသိသည်ဟု ထင်မြင်လေ့ရှိပြီး ပြည်သူများကို ၎င်းတို့ ဓာတ်ပုံနှင့် အလုပ်တွဲ၍ ဖော်ပြသည်ကို ကြောက်ရွံ့ကြကြောင်း ၎င်းကပြောသည်။

“သူတို့ကို လူထုရှေ့ချပြတာအရမ်းနည်းတဲ့အတွက်ကြောင့်သူတို့အတင့်ရဲကြတယ်။ နံပါတ် တစ် Social Punishment ကအရေးကြီးပါတယ်။ ဒီလိုလူမျိုးတွေကို ဒီအချိန်မှာ SPလုပ်ရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ နောက်ဆုံးသပိတ်အဖွဲ့အစည်းဖြစ်ရင်တောင် ရန်ကုန်မှာရှိတဲ့ မြေပေါ် မြေအောက် အဖွဲ့အစည်းတွေကို အချက်အလက်တွေ ပို့လို့ရတယ်။ပကဖတွေဆီ ပို့လို့ရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ပို့လို့ရတယ်။ ဒီလိုမျိုးတော်လှန်ရေးလုပ်ငန်းစဉ်ကို မြေအောက်လမ်းစဉ်နဲ့ ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းက သူတို့လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု ကိုပီတာကြီးက အကြံပြုသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေဖြင့် ၎င်းတို့မြို့နယ်အတွင်းမှ စစ်မှူထမ်းဥပဒေအတွက်လုပ်ဆောင်မည့်သူစာရင်းကို ပြီးခဲ့သည့်ရက်က ဓာတ်ပုံများနှင့်ဖော်ပြခဲ့ရာ ယင်းပို့စ်ကို Report လုပ်ကြသောကြောင့် ပျက်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ကြေညာသည့်အပေါ် ပြည်သူများက ထောက်ခံကြပြီး အခြားမြို့နယ်များက ပြည်သူ များကလည်း ယင်းကဲ့သို့ ပြုလုပ်ရန် တိုက်တွန်းမှုများရှိသည်။

“အချက်အလက်တွေရရှိတာက ဖရဲသီးတွေဆီကရတယ်။ ပြည်သူတွေဆီကရတယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ကွက်မှာ ဘယ်သူကဘာဆိုတာ ကောင်းကောင်းသိတယ်။ ဘယ်သူတွေက စစ်မှူထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတယ်ဆိုဝာာကိုသိတယ်။ ဒီလိုသိတဲ့ အခါမှာ အသံတွေ Record လုပ်ထားကြပါ။ ဓာတ်ပုံတွေ ခိုးရိုက်ထားကြပါ။ ပြီးတော့ သူတို့ ပေးတဲ့ စာဖြစ်ဖြစ် တစ်ခုခုပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေကို ပြန်ပို့ကြဖို့လိုပါမယ်။ တော်လှန်ရေးအင်အားစုတွေက ဒီကိစ္စတွေကို မှတ်တမ်းတင်ထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု ကိုပီတာကြီးက ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူများကို အကြံပြုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် လုပ်ဆောင်နေသူများကို တော်လှန်ရေးအင်အားစုများဘက်က အရေးယူမည့်အကြောင်း ကြေညာချက်များထုတ်၍ သတိပေးထားသလို ယခုရက်အတွင်း နေရာတော်တော်များများ၌ ယင်းကိစ္စလုပ်ဆောင်သူများကို ရှင်းလင်းသည့် ဖြစ်စဉ်များဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(စမ်းချောင်းမြို့နယ် မုန့်‌လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လုံခြုံရေးယူနေကြစဉ်။ ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

စဥ့်ကူးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

သတင်း

ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား ၊ပန်းလှိုင်တံတား၊ရွှေပြည်သာတံတား နှင့် ဒဂုံဧရာ အဝေးပြေးဝင်း ထိပ်တို့တွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး လိုင်းကားများကိုပါ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။