Connect with us

Hi, what are you looking for?

သတင်း

လွယ်ဂျယ် ခလရ(၁၄၂)အတွင်းမှ ကျပ်သိန်းငါးသောင်းကျော်နှင့် ရွှေချောင်းအချို့ KIA သိမ်းဆည်းရရှိ

ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇော်ရမ်း/People’s Spring

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာအရာရှိများ စွန့်ခွာထွက်ပြေးသွားသည့် လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့ တွေ့ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းမြစ်က ပြောသည်။

ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အဆိုပါတပ်ရင်းအား သေနတ်ကျည်တချက်မှ မထွက်ဘဲသိမ်းယူလိုက်နိုင်သလို တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းများ၊ လွ‌ယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှ စစ်ကောင်စီကသိမ်းဆည်းထားသော အခွန်ငွေများကို KIAက သိမ်းဆည်းရရှိလိုက်ခြင်းဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

” ‌ဒါတွေက နယ်စပ်ကုန်တော်ရေးကရတဲ့အခွန်ငွေတွေကို စကစက သိမ်းယူထားတာ။ ရွှေချောင်းတွေလည်း တွေ့တယ်။ တန်ဖိုးမနည်းဘူး”ဟု ကချင်စစ်ရေးသတင်းမြစ်က ပြောသည်။

KIA သည် ပြီးခဲ့သည့် ဧပြီ ၄ရက်တွင် လွယ်ဂျယ် မြို့အား ထိန်းချုပ်ခဲ့ပြီး ဌာနဆိုင်ရာအဆောက်အအုံများ၌ နေရာယူခဲ့သည်။ ယခင်ရက်က တိုက်ပွဲများ၌ ထွက်မပြေးဘဲ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ဌာနဆိုင်ရာအရာရှိများ စု‌စုပေါင်း ၆၂ဦးသည် ခလရ (၁၄၂)အတွင်း ဝင်ရောက်ခိုလှုံခဲ့သည်။

ခလရ(၁၄၂)ကို KIA က မတိုက်ခိုက်ဘဲ လက်နက်ချခိုင်းခဲ့ကြောင်း၊ ဧပြီ ၈ရက် ညတွင် ၎င်းတို့ အားလုံး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထွက်ပြေးသွားသူများကို တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လဝက)နှင့် ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီး လေကြောင်းသို့မဟုတ် မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံပြန်လည်လွဲပြောင်းပေးမည်ဟု ကနဦး သတင်းရရှိထားသည်။

ယခုအခါ လွယ်ဂျယ်တမြို့လုံးကို KIAက သိမ်းယူထားပြီး KIA၏ အုပ်ချုပ်ရေးယန္တရားလည်း စတင်လည်ပတ်နေပြီဖြစ်သည်။ လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနယ်စပ်ဂိတ်ရှိသည့် မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook