Connect with us

Hi, what are you looking for?

သတင်း

ပစ်ချခဲ့သော ရဟတ်ယာဥ်ပေါ်ပါ စစ်ကောင်စီအရာရှိအပါအဝင် ၇ ဦးသေ၊ ၂ ဦးဒဏ်ရာရဟု ကလလတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

ပျက်ကျသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းအကာအကွယ်ယူကာ ရဟတ်ယာဥ်အပျက်အစီးများ၊ စစ်ကောင်စီအလောင်းများ၊ ဒဏ်ရာရသူများကို ရှင်းလင်းသယ်ဆောင်သွားကြောင်း ရဲဘော်လောရင်စိုးက ရှင်းပြသည်။

ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီတပ်၏ Mi-2 ရဟတ်ယာဥ်ကို ပွိုင့် -၈ ဖြင့်ပစ်ခတ်​နေစဥ်
ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီတပ်၏ Mi-2 ရဟတ်ယာဥ်ကို ပွိုင့် -၈ ဖြင့်ပစ်ခတ်​နေစဥ်

▪︎ဗိုလ်မှူးနှစ်ဦး၊ ပိုင်းလော့ဗိုလ်တစ်ဦးနှင့် အခြားအဆင့် လေးဦးသေဆုံးဟုဆို

နေ့သစ်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီရဟတ်ယာဥ်ကို ယနေ့(​မေ ၆) ပစ်ချခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လောရင်စိုးက ပြောသည်။

“ပျက်ကျတဲ့နေရာက ဝေးတယ်။ ပွန်ချောင်းအရှေ့ဘက်လောက်မှာ၊​ ဘော်လခဲနားကပ်သွားတာပေါ့။ MI 2 ထင်တယ်။ MI 2 (တိုက်ခိုက်ရေးရဟတ်ယာဥ်)လို့ပြောတယ်” ဟု ကလလတ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရဲဘော်လောရင်စိုးက People’s Spring ကို ပြောသည်။

ယနေ့(​မေလ ၆ ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ပေါင်းစုများမှ ပွိုင့် (၈)မောင်းပြန် နှစ်လက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်အတွင်းပျက်ကျခဲ့သည်ဟု ကလလတ- KNPLFက အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ပိုင်းလော့ဗိုလ်တစ်ဦး၊ အခြားအဆင့် လေးဦး စုစုပေါင်း ၇ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲဘော်လောရင်စိုးက အတည်ပြုသည်။

နေပြည်​တော်စစ်​ရေးပြပွဲတွင်​တွေ့ရ​သော Mi-2
နေပြည်​တော်စစ်​ရေးပြပွဲတွင်​တွေ့ရ​သော Mi-2

“တိုက်ခိုက်ရေးယာဥ်ပဲဗျ။ ဖားဆောင်းမှာ ဒဏ်ရာရလူနာတွေ လာသယ်တာလား၊ အရာရှိတွေ လာပြန်သယ်သွားတာလား၊ အဲဒါတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။

ပျက်ကျသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းအကာအကွယ်ယူကာ ရဟတ်ယာဥ်အပျက်အစီးများ၊ စစ်ကောင်စီအလောင်းများ၊ ဒဏ်ရာရသူများကို ရှင်းလင်းသယ်ဆောင်သွားကြောင်း ရဲဘော်လောရင်စိုးက ရှင်းပြသည်။

ယနေ့ပျက်ကျသော MI 2 တိုက်ခိုက်ရေးရဟတ်ယာဥ်မှာ ပိုလန်နိုင်ငံထုတ်ဖြစ်ပြီး ပိုင်းလော့တစ်ဦးတည်းမောင်းဖြစ်ကာ ရဟတ်ယာဥ်ပေါ် ၈ ဦး သို့မဟုတ် ၁၀ ဦး တင်ဆောင်နိုင်ကြောင်း သိရသည်။

ရဟတ်ယာဥ်ပစ်ချခဲ့မှုနှင့်ပတ်သက်၍ KNPLF ဗျူဟာ (၁)က ထုတ်ပြန်​သော ၂ မိနစ် ၈ စက္ကန့်ကြာ​သည့် ရုပ်သံမှတ်တမ်းတွင် ရဲ​ဘော်များက ပွိုင့် ၈ ​မောင်းပြန်​သေနတ်များဖြင့် ပစ်ခတ်​နေသည်ကို ​တွေ့ရသည်။ သို့​သော် ရုပ်သံမှတ်တမ်းတွင် ရဟတ်ယာဥ်ပျက်ကျခဲ့သည်ကိုမူ မ​တွေ့ရ​ပေ။

ပစ်ချခံရ​​သော Mi-2 ပျံသန်း​နေသည်ကိုသစ်ကိုင်းများကြားမှ​တွေ့ရစဥ်
ပစ်ချခံရ​​သော Mi-2 ပျံသန်း​နေသည်ကိုသစ်ကိုင်းများကြားမှ​တွေ့ရစဥ်

ဖားဆောင်း PDF တာဝန်ရှိသူက “ရဟတ်ယာဥ်တစ်စီးကျပါတယ်။၂ စီးလာတာတစ်စီးပစ်နိုင်ခဲ့တာပါ။ ပျက်ကျတဲ့ရဟတ်ယာဥ်ကို ကျွန်တော်တို့ ကပ်မရအောင် ဂျက်ဖိုက်တာ နှစ်စီးနဲ့ဝန်းရံထားတယ်”ဟု ပြောသည်။

အဆိုပါရဟတ်ယာဥ်သည် ကရင်နီဒေသ ဖားဆောင်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သည့် ခလရ(၁၃၄) နှင့် ခလရ (၁၃၅)သို့ စစ်ကူအဖြစ်လာ​ရောက်ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။ ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ကရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF) ဗျူဟာ(၁) ပစ်ချခဲ့ခြင်းဟု People’s Spring၏ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

၂၀၁၆ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်-မန္တ​လေးလမ်း​ဘေး ဒိုက်ဦးမြို့နယ်အတွင်းပျက်ကျခဲ့​သော Mi-2 ကို အမြန်လမ်းရဲတပ်ဖွဲ့က ရှာ​တွေ့ပြီး​နောက်ရှင်းလင်းစဥ်
၂၀၁၆ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်-မန္တ​လေးလမ်း​ဘေး ဒိုက်ဦးမြို့နယ်အတွင်းပျက်ကျခဲ့​သော Mi-2 ကို အမြန်လမ်းရဲတပ်ဖွဲ့က ရှာ​တွေ့ပြီး​နောက်ရှင်းလင်းစဥ်

MI-2 ရဟတ်ယာဥ်များမှာ ရုရှားနှင့် ပိုလန်နိုင်ငံတို့မှ ထုတ်လုပ်သည်။၂၀၁၆ ဇွန် ၁၄ ရက်တွင် ရန်ကုန်-မန္တ​လေး အမြန်လမ်းမကြီး​ဘေးရှိ ပဲခူးတိုင်း ၊ဒိုက်ဦးမြို့နယ် တွင်ပျက်ကျခဲ့ဖူးပြီး ​လေယာဥ်​​မောင်းများ​သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်များက ပစ်ချဖျက်ဆီးနိုင်ခဲ့​သော တိုက်​လေယာဥ် ၊ရဟတ်ယာဥ် စုစု​ပေါင်း ၈ စီး ရှိလာပြီး ၊ကရင်နီတပ်​ပေါင်းစုက ၃ စီးပစ်ချထားသည်။

(ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီတပ်၏ Mi-2 ရဟတ်ယာဥ်ကို ပွိုင့် -၈ ဖြင့်ပစ်ခတ်​နေစဥ်/ ​နေပြည်​တော်စစ်​ရေးပြပွဲတွင်​တွေ့ရ​သော Mi-2 နှင့် ပစ်ချခံရ​​သော Mi-2 ပျံသန်း​နေသည်ကိုသစ်ကိုင်းများကြားမှ​တွေ့ရစဥ် / ၂၀၁၆ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်-မန္တ​လေးလမ်း​ဘေး ဒိုက်ဦးမြို့နယ်အတွင်းပျက်ကျခဲ့​သော Mi-2 ကို အမြန်လမ်းရဲတပ်ဖွဲ့က ရှာ​တွေ့ပြီး​နောက်ရှင်းလင်းစဥ်။ဓါတ်ပုံ-KNPLF ၊ ဧရာဝတီ၊ အမြန်လမ်းရဲတပ်ဖွဲ့ )

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။