Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မေလ ၁၀ ရက် နံနက် ၄နာရီ ၁၅မိနစ် အချိန်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာ ထိမှန်ခဲ့သည်ဟု ဆိုသည်။

(မေလ ၁၀ ရက်က တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုန်းများ။ ဓာတ်ပုံ - ပေးပို့)
(မေလ ၁၀ ရက်က တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုန်းများ။ ဓာတ်ပုံ - ပေးပို့)

သတိုး/People’s Spring

ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar(BWM)အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မေလ ၁၀ ရက် နံနက် ၄နာရီ ၁၅မိနစ် အချိန်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာ ထိမှန်ခဲ့သည်ဟု ဆိုသည်။

“ပထမ ၅ လုံးပစ်ပစ်လိုက်တဲ့အချိန်မှာပဲ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး နှစ်လုံး တန်ပြန်ပစ်ပါတယ်၊ နောက် ၅ လုံးထပ်ပစ်ပြီးပြန်ဆုတ်ခဲ့တယ်၊ လမ်းတလျှောက်လည်း စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ပါတယ်၊ လေယဥ်နဲ့လည်း ပစ်ခတ်သူတွေကို ပါတ်ပြီးရှာတယ်၊ ဒါပေမယ့် ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်၊” ဟု BWM မှတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(မေလ ၁၀ ရက်က တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုန်းများ။ ဓာတ်ပုံ - ပေးပို့)
(မေလ ၁၀ ရက်က တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုန်းများ။ ဓာတ်ပုံ – ပေးပို့)

အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“လတ်တလောတွင်ပင် ကရင်နီဒေသ ကုန်းသာရွာ နှင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားဒေသများရှိ ကလေးသူငယ်များနှင့် ပြည်သူများကို ရန်သူသဖွယ် လေကြောင်းဖြင့် တိုက်ခိုက်နေသော စစ်ကောင်စီလေတပ်၏ ရက်စက်ယုတ်မာမှု ကို လက်တုန့်ပြန်သည့်အနေဖြင့် ကျွန်ုပ်တို့ BWM အဖွဲ့ကစီမံကာ MKCDF က ဦးဆောင်ပြီး မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။”ဟု BWM အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တောင်ငူလေတပ်သည် ကရင်နီဒေသနှင့် ကရင်ပြည်နယ်ရှိ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေတပ်စခန်း ဖြစ်သည်။

“အကြမ်းဖက် လေတပ်အား ခြေမှုန်းတိုက်ခိုက်ခြင်းကို တော်လှန်ရေးအောင်ပွဲရရန် အရေးကြီးသော လုပ်ငန်းစဥ် တစ်ရပ်အဖြစ် ကျွန်ုပ်တို့ MKCDF အဖွဲ့ကခံယူထားသောအကြောင့် လေတပ်ခြေမှုန်းရေး မစ်ရှင်ကို ဆက်လက် အကောင်အထည် ဖော်သည့် အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အားထားရသော တောင်ငူ လေတပ်ကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ယနေ့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။” ဟု MKCDFက ထုတ်ပြန်ထားသည်။

အထက်ပါစစ်ဆင်ရေးအတွက် တစ်လကျော်ကြာပြင်ဆင်ခဲ့ရပြီး ယနေ့နံနက်တွင်လည်း မိုးရွာခဲ့သောကြောင့် စစ်ဆင်ရေးကို ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရသည်ဟု MKCDFက ဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး အဖွဲ့သားအားလုံးဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်း BWM မှတာဝန်ရှိသူက ပြောသည်။

အဆိုပါမစ်ရှင်နှင့်ပတ်သက်၍ ထိခိုက်မှုကို အသေးစိတ်စုံစမ်းဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

BWM နှင့် MKCDF အဖွဲ့တို့အနေဖြင့် ယခုနှစ် အတွင်း တောင်ငူလေတပ်ကို ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ရှော့တိုက်ဒုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးခဲ့သည်။

ဧပြီ ၁၁ ရက်ကလည်း အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၅ ဦးနှင့် တပ်သား ၁၂ဦးစုစုပေါင်း ၁၇ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု BMW မှတာဝန်ရှိသူက ပြောထားသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီလေတပ်စခန်းများကိုဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။