Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် အလှည့်ကျပေးသည့်လျှပ်စစ်မီးအချိန်မှန်ရလိုပါက တစ်လလျှင် တစ်အိမ်ထောင်ကျပ်တစ်သောင်းစီပေးဆောင်ရန် တောင်းခံနေ

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လျှပ်စစ်ဝန်ထမ်းများပူးပေါင်းပြီး ထိုကဲ့သို့ တောင်းခံလာကြောင်း ရန်ကုန်မြို့နေပြည်သူများက ပြောသည်။

(ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာတစ်ခုတွင် လိုက်လံမီးဖြတ်နေသော EPC ဝန်ထမ်းများအား လုံခြုံရေးယူပေးနေသော ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာတစ်ခုတွင် လိုက်လံမီးဖြတ်နေသော EPC ဝန်ထမ်းများအား လုံခြုံရေးယူပေးနေသော ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရန်ကုန်မြို့တွင် အလှည့်ကျပေးနေသည့် လျှပ်စစ်မီးစနစ် အချိန်မှန်ရလိုပါက တစ်လလျှင် တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းစီပေးဆောင်ရန် တောင်းခံနေကြောင်း ရန်ကုန်မြို့နေပြည်သူများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လျှပ်စစ်ဝန်ထမ်းများပူးပေါင်းပြီး ထိုကဲ့သို့ တောင်းခံလာကြောင်း ရန်ကုန်မြို့နေပြည်သူများက ပြောသည်။

တစ်အိမ်ထောင် ကျပ်တစ်သောင်းနှုန်းပေးပါက အလှည့်ကျမီးစနစ်ကို အပြည့်အဝရရှိမည်ဟု စည်းရုံးထားကြောင်းလည်း ၎င်းတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံများ၏ ပြောဆိုချက်အရ မြောက်ဒဂုံ၊မရမ်းကုန်း၊အင်းစိန် နှင့်အရှေ့ဒဂုံမြို့နယ်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် လျှပ်စစ်ဝန်ထမ်းများက ငွေကောက်ခံရန် စည်းရုံးနေသည်ဟု ဆိုသည်။

“အရင်ကလို လေးနာရီတစ်ဖြတ် မီးရချင်တယ်ဆိုရင် သူတို့ကို ပိုက်ဆံစုပေးပေါ့။ရပ်ကွက်ရာအိမ်မှူးတွေကနေတဆင့် စည်းရုံးနေတာပေါ့။တကယ်ပေးလိုက်တဲ့ ရပ်ကွက်လည်းရှိတယ်။အခုထိ မီးမှန်တာလည်း မဟုတ်တော့ ခံလိုက်ရတာပေါ့”ဟု မြောက်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အတူ အချို့မြို့နယ်များတွင်လည်း ထရန်စဖော်မာမကောင်းသဖြင့် မီးအားပြတ်တောက်မှုရှိနေခြင်းဟုဆိုကာ ပြုပြင်ရန် ငွေတောင်းခံနေကြောင်းလည်း ဒေသခံများက ဆိုသည်။

“ထရန်စဖော်မာက မကောင်းတော့လို့ မီးအားနည်းတာ၊ ပြတ်တာဖြစ်နေတာ။အဲဒါကြောင့် ရပ်ကွက်ထဲက အိမ်တွေ အကုန်စုပြီး တစ်အိမ်တစ်သောင်း ပေးမှ မီးပြတ်တာ သိပ်မဖြစ်မှာဆိုပြီး EPCက ကောင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပေါင်းပြီး တရားဝင်လိုက် ပြောနေတာရှိတယ်”ဟု မရမ်းကုန်းမြို့ခံတစ်ဦးက ရှင်းပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိမ့်ကျခဲ့ရသည့် လူနေမှုစနစ်များအနက် လျှပ်စစ်မီးမှန်စွာမရရှိသည့် အခြေအနေကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ငွေရလမ်းဖန်တီးနေခြင်းဟု ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“သူတို့အထက် စစ်တပ်ကတောင် မီးမှန်အောင်မပေးနိုင်တာကို ဝန်ခံထားတယ်လေ။ဒါကို သူတို့က မီးမှန်အောင်လုပ်ပေးမယ်ဆိုတာ လိမ်နေတာပဲ”ဟု အင်းစိန် မြို့နေသူက ပြောသည်။

တစ်ရက်ပျမ်းမျှ ၂,၈၀၀မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်သဖြင့် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးကာလကစ၍ ယခု ၂၀၁၄ မေလ ၄ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီတာခမသွင်းသည့် မီတာ အလုံးရေ လေးသိန်းကို ဓာတ်အားဖြတ်တောက်ထားပြီး ခြောက်သောင်းကျော်ကို စစ်ကောင်စီက ဖြုတ်ယူသိမ်းဆည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်ကြောင်း အာဏာသိမ်း ၅နှစ်ပြည့်မှာ လူထုလှုပ်ရှားမှုပြုခဲ့ပါတယ်။

သတင်း

နေပြည်တော်နဲ ရန်ကုန်မြို့မှာ ယမန်​​နေ့ညကငလျင် ၂ကြိမ်လှုပ်ခတ်ပြီးတဲ့နောက် ဒီနေ့မနက်အ​စောပိုင်းမှာလည်း ရန်ကုန်မြို့နဲ့ မိုင် ​လေးဆယ်​ကျော်​ပဲ​ဝေးတဲ့ ညောင်တုန်းမြို့ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၅အဆင့်ငလျင် လှုပ်ခတ်ခဲ့တာမှာရန်ကုန်ကသိသိသာသာခံစားရပါတယ်။