Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါမြို့နယ်တွင် စစ်တပ်နှင့်ပျူစစ်​ကြောင်းကအကြမ်းဖက်၍ ပြည်သူ ၂ ဦး​သေဆုံးပြီး ​နေအိမ် ၃၀၀ ခန့်မီး​လောင်

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ဇော်ရမ်း/People’s Spring

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာအပါအဝင် ပျူ​စောထီးရွာများမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ရွှေဘိုရွာနှင့်ရေသာရွာကို ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်​နေအိမ်များကိုမီးရှို့ရာ အမျိုးသားနှစ်ဦး​သေဆုံးပြီး အိမ်ခြေသုံးရာခန့် မီး​လောင်ပျက်စီးသွား​ကြောင်း​​ဒေသခံများက​ပြောသည့် မြောက်ခင်ရမ်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီး ၂၀၀ခန့်က ယမန် နေ့(မေလ ၁၆ရက်) နံနက်တွင် ရွှေဘိုရွာနှင့်ရေသာရွာကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။

” အသက် ၈၀ အရွယ်အဖိုးတစ်ဦးကိုသတ်သွားတယ်။ နောက်တယောက်ကအသက်၄၀လောက်ရှိမယ်။ မပြေးနိုင်တဲ့သူတွေကိုသတ်သွားတာ” ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် ရွှေဘိုရွာမှ အိမ် ၂၆၆လုံး၊ ရေသာရွာမှ အိမ် ၁၅လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

” ခွေးနဲ့ ပျုတွေ ပြန်ထွက်သွားလို့ ဒေသခံတွေကတော့ ရွာကိုခဏပြန်ဝင်တယ်။ ဒါပေမဲ့မနေရဲလို့ ပြန်ထွက်လာကြရတယ်” ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်စစ်​ကြောင်းတွင် သေဆုံးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်းလည်းသိရသည်။​သေဆုံးဒဏ်ရာရသူများ တိုက်ပွဲဖြစ်နေစဉ် ကားဖြင့်သယ်ဆောင်သွားကြကြောင်း PDF တစ်ဦးကပြောသည်။စစ်​ရေးအ​ခြေအ​နေမှာ ယနေ့ (​မေ ၁၇ )အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ )ကလည်း​မေ ၁၇ ညဦးပိုင်းတွင် သတင်းထုတ်ပြန်လာရာဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူရွာ(၁၂)ရွာမှ စစ်​​ကောင်စီတပ်နှင့် ပျူ​စောထီးစုစု​ပေါင်း အင်အား(၂၀၀)ကျော်က ​မေလ ၁၆ ရက် နံနက်(၆)နာရီအချိန်မှစ၍ ဂန့်ဂေါမြို့နယ်ရှိ သင်တောရွာ၊ ရွှေဘိုရွာနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်အကြမ်းဖက်ခဲ့​ကြောင်း​ဖော်ပြထားသည်။ ထိုစစ်​ကြောင်းကရွှေဘိုရွာမှ အသက်(၈၀)ကျော်အမျိုးသားတစ်ဦးနှင့် အသက် (၄၀)ဝန်းကျင် အမျိုးသားတစ်ဦးတို့အား သတ်ဖြတ်ခဲ့ ပြီး ရွှေဘိုရွာမှ ပြည်သူ့နေအိမ်(၂၆၆)လုံးနှင့် ရေသာရွာ မှ ပြည်သူ့နေအိမ် (၁၅)လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ပြည်သူပိုင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများအားခိုးယူသွားခဲ့ကြောင်း ​အသိ​ပေးထား သည်။

ရွှေဘိုရွာသည် စစ်​ကောင်စီတပ်နှင့် ပျူးများ၏ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး အိမ်ခြေ(၅၀၀)ကျော်ရှိသည့်အနက် ‌ နေ အိမ်ပေါင်း (၂၉၅)လုံးအား မီးရှို့ ဖျက်ဆီးခြင်းခံထားရ​ကြောင်းလည်း​ဖော်ပြထားသည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

၂၀၂၄ ဖေဖော်ဝါရီလက အဆိုပါရွာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့ဖူးသည်။ ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူရွာများမှလူငယ်အများအပြားကိုလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်း​ဒေသခံအချို့က​ပြောသည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိသည်။ကျန် ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

စစ်ကောင်စီနှင့်ပျူများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။

က​လေးမြို့နယ် ​တောင်ပိုင်းရှိ ​ကျေးရွာအချို့တွင်လည်း ပျူ​​စောထီးများရှိ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု