Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါမြို့နယ်တွင် စစ်တပ်နှင့်ပျူစစ်​ကြောင်းကအကြမ်းဖက်၍ ပြည်သူ ၂ ဦး​သေဆုံးပြီး ​နေအိမ် ၃၀၀ ခန့်မီး​လောင်

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ဇော်ရမ်း/People’s Spring

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာအပါအဝင် ပျူ​စောထီးရွာများမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ရွှေဘိုရွာနှင့်ရေသာရွာကို ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်​နေအိမ်များကိုမီးရှို့ရာ အမျိုးသားနှစ်ဦး​သေဆုံးပြီး အိမ်ခြေသုံးရာခန့် မီး​လောင်ပျက်စီးသွား​ကြောင်း​​ဒေသခံများက​ပြောသည့် မြောက်ခင်ရမ်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီး ၂၀၀ခန့်က ယမန် နေ့(မေလ ၁၆ရက်) နံနက်တွင် ရွှေဘိုရွာနှင့်ရေသာရွာကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။

” အသက် ၈၀ အရွယ်အဖိုးတစ်ဦးကိုသတ်သွားတယ်။ နောက်တယောက်ကအသက်၄၀လောက်ရှိမယ်။ မပြေးနိုင်တဲ့သူတွေကိုသတ်သွားတာ” ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် ရွှေဘိုရွာမှ အိမ် ၂၆၆လုံး၊ ရေသာရွာမှ အိမ် ၁၅လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

” ခွေးနဲ့ ပျုတွေ ပြန်ထွက်သွားလို့ ဒေသခံတွေကတော့ ရွာကိုခဏပြန်ဝင်တယ်။ ဒါပေမဲ့မနေရဲလို့ ပြန်ထွက်လာကြရတယ်” ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်စစ်​ကြောင်းတွင် သေဆုံးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်းလည်းသိရသည်။​သေဆုံးဒဏ်ရာရသူများ တိုက်ပွဲဖြစ်နေစဉ် ကားဖြင့်သယ်ဆောင်သွားကြကြောင်း PDF တစ်ဦးကပြောသည်။စစ်​ရေးအ​ခြေအ​နေမှာ ယနေ့ (​မေ ၁၇ )အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ )ကလည်း​မေ ၁၇ ညဦးပိုင်းတွင် သတင်းထုတ်ပြန်လာရာဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူရွာ(၁၂)ရွာမှ စစ်​​ကောင်စီတပ်နှင့် ပျူ​စောထီးစုစု​ပေါင်း အင်အား(၂၀၀)ကျော်က ​မေလ ၁၆ ရက် နံနက်(၆)နာရီအချိန်မှစ၍ ဂန့်ဂေါမြို့နယ်ရှိ သင်တောရွာ၊ ရွှေဘိုရွာနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်အကြမ်းဖက်ခဲ့​ကြောင်း​ဖော်ပြထားသည်။ ထိုစစ်​ကြောင်းကရွှေဘိုရွာမှ အသက်(၈၀)ကျော်အမျိုးသားတစ်ဦးနှင့် အသက် (၄၀)ဝန်းကျင် အမျိုးသားတစ်ဦးတို့အား သတ်ဖြတ်ခဲ့ ပြီး ရွှေဘိုရွာမှ ပြည်သူ့နေအိမ်(၂၆၆)လုံးနှင့် ရေသာရွာ မှ ပြည်သူ့နေအိမ် (၁၅)လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ပြည်သူပိုင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများအားခိုးယူသွားခဲ့ကြောင်း ​အသိ​ပေးထား သည်။

ရွှေဘိုရွာသည် စစ်​ကောင်စီတပ်နှင့် ပျူးများ၏ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး အိမ်ခြေ(၅၀၀)ကျော်ရှိသည့်အနက် ‌ နေ အိမ်ပေါင်း (၂၉၅)လုံးအား မီးရှို့ ဖျက်ဆီးခြင်းခံထားရ​ကြောင်းလည်း​ဖော်ပြထားသည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

၂၀၂၄ ဖေဖော်ဝါရီလက အဆိုပါရွာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့ဖူးသည်။ ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူရွာများမှလူငယ်အများအပြားကိုလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်း​ဒေသခံအချို့က​ပြောသည်။

(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)
(မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များနှင့် အသတ်ခံရ​သော ပြည်သူ ၂ ဦး၏ ရုပ်အ​လောင်း။ ဓါတ်ပုံ- ဂန့်​ဂေါပကဖ)

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိသည်။ကျန် ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

စစ်ကောင်စီနှင့်ပျူများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။

က​လေးမြို့နယ် ​တောင်ပိုင်းရှိ ​ကျေးရွာအချို့တွင်လည်း ပျူ​​စောထီးများရှိ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။