Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမဖြစ်ဘဲ ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ဟု KIA အသိပေး

တာလောကြီးကျေးရွာ ပေါ်ဆာဒီးဒေသအနီးတဝိုက်သို့လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - CJ)
(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - CJ)

▪️ဖားကန့်နယ် နမ့်စီးအင်ရွာခံ ၃၀ကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေး၊ KIAနှင့် PDFများ ရွာအဝင်ခံပါက ရွာဖျက်ဆီးမည်ဟု ခြိမ်းခြောက်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မုတ်ကျိတ်၊ လမြန်နှင့် ပေါ်ဆာဒီး ဒေသများကို စစ်ကောင်စီက မေလ ၂၃ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ခမရ(၃၂၁)တပ်ရင်း အပါအဝင် ဝိုင်းမော် မြို့နယ် ရှိ စစ်ကောင်စီတပ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ အဆတ်မပြတ်လုပ်ဆောင်နေခြင်းဖြစ်သည်။

မေလ ၂၃ရက်တွင် မုတ်ကျိတ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ Y12 ထောက်ပို့လေယာဉ်ဖြင့် ငါးကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပြည်သူလူထု နေအိမ်များပျက်စီးခဲ့သည်ဟု KIAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ခလရ(၅၈)တပ်က လမြိုင်ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ ပြည်သူလူထုနေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

တာလောကြီးကျေးရွာ ပေါ်ဆာဒီးဒေသအနီးတဝိုက်သို့လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းမှာ KIAက ဝိုင်းမော်ရှိ ခမရ(၃၂၁)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့၍ ဖြစ်ကြောင်း၊ အဆိုပါ ခမရ( ၃၂၁)တပ်ရင်းသည် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လုံခြုံရေးအတွက် အရေးပါသည့် တပ်ရင်းဖြစ်ပြီး အဆိုပါတပ်ရင်းကို KIAက ရရှိထားသည့်အပေါ် စစ်ကောင်စီတပ်က ယခုကဲ့သို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီး နမ့်စီးအင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် အင်အား ၆၀ခန့်ကရွာအတွင်း ဝင်ရောက်ကာ ပြည်သူ ၃၂ဦးကို ဖမ်းဆီးပြီး စာသင်ကျောင်းအတွင်း ထားရှိ စစ်ဆေးမေးမြန်းခဲ့သည်ဟုဆိုသည်။

ဖမ်းဆီးခံရသည့် ပြည်သူများကို မွန်းလွဲပိုင်း၌ ပြန်လည်လွှတ်ပေးခဲ့ပြီး ရွာအတွင်း KIAနှင့် PDF တပ်ဖွဲ့တွေ မဝင်ခိုင်းရန် ပြောကြားကာ အဝင်၊ အထွက်လုပ်သည့် သတင်းကြားပါက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရွာမီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားသည်။

KIAနှင့် PDF ပူးပေါင်းတပ်များသည် မတ်လ ၇ရက်မှစ၍ စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ ယခု မေလနောက်ဆုံးပတ်အထိစစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။