Connect with us

Hi, what are you looking for?

သတင်း

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း သစ်တောပြုန်းတီးလာ၍ သစ်ဆွဲလမ်းများ မိုင်းဆင်တားဆီးထား၍ မည်သူမျှလာရောက်ခြင်း မပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များ သတိပေး

သစ်များကို မသိမသာခိုးထုတ်သည်မှစ၍ စစ်ဘေးရှောင်၊ ကာကွယ်ရေး အစရှိသည့် အကြောင်းအမျိုးမျိုးဖြင့် ထုတ်ယူခြင်းများ ရှိခဲ့ကြောင်း KLG PDF အဖွဲ့ထံမှ သိရသည်။

(အလောင်းတော်ကဿပကြိုးဝိုင်းအတွင်း ယမန်နှစ်အတွင်းက ဖမ်းဆီးရမိခဲ့သော သစ်တင်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(အလောင်းတော်ကဿပကြိုးဝိုင်းအတွင်း ယမန်နှစ်အတွင်းက ဖမ်းဆီးရမိခဲ့သော သစ်တင်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း သစ်တောပြုန်းတီးလာ၍ သစ်ဆွဲလမ်းများအားလုံး မိုင်းများဖြင့် တားဆီးထား၍ မည်သူမျှ လာရောက်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းသည် တော်လှန်ရေး (၃)နှစ်တာကာလအတွင်း သစ်တောပြုန်းတီးမှုကြီး ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ တမလန်းနှင့် ပိတောက်ကဲ့သို့သစ်များမှာ ဘုရားဝင်းတဝိုက်အထိ ပြုန်းတီးသွားပြီး ကျွန်းနှင့် သစ်မာများမှာ လမ်းပန်းသွားလာရေးကောင်းသော နေရာများအထိပါ ပြုန်းတီးကာ တောနက်ပိုင်းတွင်သာ တွေ့နိုင်တော့ကြောင်း တော်လှန်ရေးအဖွဲ့များက မေလ ၂၄ ရက်တွင် အသိပေးသည်။

သဘာဝသယံဇာတ သစ်တောသစ်ပင်ပြုန်းတီးမှုမှ ရရှိလာသောငွေကြေးများသည် ဆင်စခန်းမှ CDM မိသားစုဝင်များနှင့် ဆင်များ၊ ကာကွယ်ရေးအသုံးစရိတ်များ၊ စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူများ အစရှိသည့်​နေရာများ၌ လိုအပ်ချက်များအား အသုံးပြုနိုင်ခြင်းမရှိကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

သစ်များကို မသိမသာခိုးထုတ်သည်မှစ၍ စစ်ဘေးရှောင်၊ ကာကွယ်ရေး အစရှိသည့် အကြောင်းအမျိုးမျိုးဖြင့် ထုတ်ယူခြင်းများ ရှိခဲ့ကြောင်း KLG PDF အဖွဲ့ထံမှ သိရသည်။

ထိုငွေကြေးများသည် ပွဲစားများနှင့် အဂတိ လိုက်စားသည့် ဝန်ထမ်းများထံရောက်ရှိသွားပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် လောင်းကစားဝိုင်းများပေါများလာခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲလာခြင်း၊ အဂတိများစွာ ထွန်းကားလာခြင်းများ ဖြစ်ပွားလာကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။

ထို့ကြောင့် ဧပြီလလယ်မှစ၍ ကနီမှ ကျောက်လုံးကြီးဆရာတော်၊ ကနီ၊ ယင်းမာပင်မှ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များမှ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ CDM ဆင်ခေါင်းဆောင်တို့ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့ကာ စနစ်တကျထိန်းသိမ်းစောင့်ရှောက်နေကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

ထို့ကြောင့် သစ်တောကြိုးဝိုင်းအတွင်းရှိ သစ်ဆွဲလမ်းများအားလုံးကို မိုင်းများဖြင့်တားဆီးထားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ အလောင်းတော်ကဿပနယ်မြေကြိုးဝိုင်းအတွင်း လုံးဝလာရောက်ခြင်းမပြုရန်နှင့် ကန့်သတ်နယ်ကြိုးဝိုင်းအတွင်း တစုံတရာထိခိုက်မှုရှိပါက လုံးဝတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဟု တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

သတိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။