Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းပေါ်တွင် စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရပြီး ရဲသုံးဦးသေ၊ခြောက်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် – နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၆၁)အနီးတွင် ၂၀၂၃ ဇန်နဝါရီ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့သည်။

(ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်​၏ ကားအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်​၏ ကားအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ထူးအောင်/People’s Spring

ရန်ကုန် – မန္တလေးအမြန်လမ်း၊ တောင်ငူလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ လိုက်ပါလာသောယာဉ်အား တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

မေလ ၂၈ ရက် နေ့လယ် ၂နာရီခန့်က အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၄)တွင် ကင်းလှည့်နေသော စစ်ကောင်စီယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည်။

” မှန်တယ်။ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်။ ရဲကားမီးလောင်သွားတယ်။ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်တယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့်နေရာအနီးရှိ ဇီးပင်သာရဲကင်းနှင့် ဗောဓိကုန်းရဲကင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာ၍ ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာခဲ့ခြင်းဟု ၎င်းက ပြောသည်။

” နေပြည်တော်နဲ့ ရန်ကုန်အဝင်ကြား ရဲတွေခြေရှုပ်နေတယ်။ နည်းနည်းများတယ်။ အရပ် ဝတ် တွေလည်း ပါတယ်”ဟု ယနေ့(မေလ ၂၉ရက်) နံနက်တွင် အမြန်လမ်းအား ဖြတ်လာခဲ့သည့် ခရီးသွားတစ်ဦးက ပြောသည်။

နေပြည်တော် – ရန်ကုန်အမြန်လမ်း (၁၆၉)မိုင် အနီးတွင် ပြီးခဲ့သည့် ၂၀၂၃ဇူလိုင် ၇ ရက်ကလည်း စစ်ကောင်စီ​၏ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း လိုက်ပါလာသည်ဟု သတင်းရသော ယာဉ် ၁၀စီးပါ စစ်ကောင်စီယာဉ်တန်းကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁၊ အထူးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း သတင်းထွက်ခဲ့သော်လည်း အသေးစိတ်မသိခဲ့ရပေ။

ထိုနှစ် မေလ၃၁ ရက်ကလည်း တောင်ငူအခြေစိုက်အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို အမြန်လမ်းပေါ်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် – နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၆၁)အနီးတွင် ၂၀၂၃ ဇန်နဝါရီ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

Facebook