Connect with us

Hi, what are you looking for?

သတင်း

ရေဖြူတွင် စစ်ကောင်စီယာယီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေ

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်
ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်

▪️စစ်ကောင်စီတပ်ရင်းမှူး သေဆုံးဟုဆို

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ယာယီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် စစ်ကြောင်းထိုးစခန်းချထားသော အင်အား ၂၅၀ခန့်ရှိ စစ် ကောင်စီယာယီစခန်းကို ပြည်သူကာကွယ်ရေးတပ်မတော်(PDF)၊ ဗျူဟာ (၃၃) ပူးပေါင်းအဖွဲ့မှ ဇွန်လ ၁၁ ရက် နေ့လယ် ၂နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အခုမနေ့က ကျနော်တို့ဖက်က ဒရုန်းနဲ့ ချတာ ၂၇၃ တပ်ရင်းမှူးး ဗိုလ်မှူးသန်းဌေးအောင် သေဆုံး ကျန် သုံးဦးပြင်းထန်ဒဏ်ရာရတယ်”ဟု ရွာဖူးရွာ၌အထိုင်ချထားသော စစ်ကောင် စီယာယီတပ်စခန်းတိုက်ခိုက်မှုအခြေအနေကို ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဇွန်လ ၁၃ ရက်တွင် ရွာဖူးကျေးရွာရှိပြည်သာများကို စစ်ကောင်စီက ဖမ်းဆီးမှုများလုက်ဆောင်ခဲ့သည့်အပြင် နေအိမ်များကိုဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူခြင်းများရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်ရှိရာ အလယ်စခန်းကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ပြီး အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသော ယာဥ်များအားစစ်ဆေးကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက အသိပေးသည်။

“အခုရွာ(ရွာဖူးရွာ)ကနေ စစ်ကြောင်းပြန်ဆုတ်သွားပြီး နောက်တစ်နေရာကနေပြန်ထိုးနေတယ်။ ဒေါနစစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ်တပ်တွေ ခုခံပြီး တန်ပြန်တိုက်စစ်ဆင်နေပါတယ်”ဟု ဒေါနစစ်ကြောင်းတာဝန်ရှိသူက ယ မန်နေ့(ဇွန်လ ၁၅ ရက်)အခြေအနေကို ပြော သည်။

အထက်ပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ်(MSRF)၊ K.T.L.A ၊ မွန်ပြည်သစ် ပါတီ(AD)၊ အထူးဒရုန်းတပ်ဖွဲ့ (Saw Dragon Drone Force)၊ ရေးလေတပ် (Y.A.F)၊ D.N.L.Aတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

(ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှရဲဘော်များအား အမှတ်(၈)လမ်းမကြီး၌ နယ်မြေစိုးရေးလုပ်ဆောင်နေစဥ်နှင့် စစ်ကောင်စီယာယီစခန်း တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။