Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်စစ်​ကြောင်း လွိုင်ကော်မြို့တွင်းဝင်နိုင်ရန် ကြိုးစား​နေ

စစ်​ကောင်စီဝါဒဖြန့် တယ်လီဟရန်ချန်နယ်များကမူ စစ်တပ်စစ်​ကြောင်းသည် လွိုင်​ကော်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း ဝါဒဖြန့်​နေကြသည်။

(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်စစ်ကြောင်း လွိုင်ကော်မြို့တွင်းသို့ ဝင် ရောက်နိုင်ရန်ကြိုးပမ်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ပြောသည်။

လက်ရှိတွင်စစ်ကောင်စီ၏ တပ်မ ၅၅ နှင့် ၆၆ လက်အောက်ခံ တပ်ရင်းများသည် လင်ဖုံလေးလမ်းမ နှင့် ထေးပလောခူ ရွာ ဘက်သို့ ထိုးစစ်ဆင်နေသည်ဟု သိရသည်။

“ထေးပလောခူ ပြီးရင် ထေးဌားလျား တို့ နာနတ်တော ရပ်ကွက်ထဲကို ရောက်လာဖို့ရှိတယ်ပေါ့။တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။စကစ ဘက်က လက်နက်ကြီး ပစ်ကူ အဆမတန်သုံးပြီး တိုးဝင်ဖို့ကြိုးပမ်းနေတာလည်းပါတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

ဇွန်လ ၉ ရက်ကစ၍ လွိုင်ကော်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်ပြီး စက်မှုဇုန်အနီးရှိ လယ်တွဲရွာ၊ ကုန်းသာရွာ၊ ထီရိရွာ နှင့် ကယန်းသာယာရွာတို့ကို စစ်ကောင်စီက နယ်မြေစိုးမိုးမှု ရရှိရန်ကြိုးပမ်းနေခြင်း ကြောင်း ထိုအနီးတစ် ဝိုက် ထိတွေ့တိုက်ပွဲများရှိခဲ့သည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသည့် ပုံစံအရ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ကနဦး ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထားပြီး ထို့နောက် မိုးဗြဲ နှင့် လွိုင်ကော် မြို့များ သို့ စစ်ကြောင်း ဝင်နိုင်သည်ဟု ကရင်နီတပ်ပေါင်းစုက ခန့်မှန်းထားသည်။

ဇွန်လ ဒုတိယပတ်က မိုးဗြဲ မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို ဖယ်ခုံ PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဒရုန်းတစ်စီး ကို ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူ ​ပြောသည်။

ထို့အတူ မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ​ခြေလျင်တပ်ရင်း (ခလရ ၄၂၂)တပ်က လည်း မိုးဗြဲ မြို့တွင်းသို့ ထိုးစစ်ဆင်လာပြီး လွိုင်ကော်မှ လာသည့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မေလ ဒုတိယပတ်ကစ၍ ရှမ်းပြည်နယ် ဆီဆိုင်မြို့မှတဆင့် ကရင်နီပြည်နယ်၊လွိုင်ကော်မြို့သို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့အတွင်း KNDF တပ်ဖွဲ့ဝင်များကို ယခုနှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်ဖြန့်ကျက်နေရာယူထား ကြောင်း ဇွန်လ ပထမပတ်တွင် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောဆိုထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ကရင်နီ ပြည်နယ် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ပြည်နယ်ပြင်ပမှနေ၍ စစ်ကောင်စီက ပထမဆုံးအကြိမ် စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်ပြီး ၎င်းတို့ ဆုံးရှုံးထားသော စခန်းများကို ပြန်လည်ရယူရန် ဟု ကရင်နီတပ်ပေါင်းစုက သုံးသပ်သည်။

သို့​သော် စစ်​ကောင်စီဝါဒဖြန့် တယ်လီဟရန်ချန်နယ်များကမူ စစ်တပ်စစ်​ကြောင်းသည် လွိုင်​ကော်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း ဝါဒဖြန့်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။