Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၉၉)မှဗိုလ်မှူးနှင့် အရာရှိလေးဦးပါပြန်ပေးဆွဲအဖွဲ့ မူဆယ်၌ အဖမ်းခံရ

ဖမ်းမိထားသည့်စစ်ကောင်စီအရာရှိများထံမှ ၎င်းတို့လုယက်ထားသည့် ကားနှင့်ငွေကြေးများ၊ လက်နက်ခဲယမ်းအချို့လည်း တွေ့ရှိခဲ့သည်။

(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံသူဌေးများအား ပြန်ပေးဆွဲ ငွေတောင်းနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးအပါအဝင် အရာရှိလေးဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့သည်။

မူဆယ်မြို့တွင် တာဝန်ကျနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးဟန်ဇင်စိုး၊ဗိုလ်ကြီးကျော်သူအောင်၊ဗိုလ်ချမ်းမြေ့လင်းနှင့် ဗိုလ်မျိုးညီညီထွန်းတို့ကို ကောင်းမှုလွယ်ရပ်ကွက်၊ အိမ်အမှတ်(၁၂၇)တွင် ဇွန်လ ၁၈ရက်က ဖမ်းမိခြင်းဖြစ်သည်။

” အဲဒီနေ့က ပြန်ပေးစွဲသွားတာကို CCTVကနေ လိုက်ကြည့်တော့ ကားက အဲဒီအိမ်ထဲဝင်သွားတယ်။ ရဲတွေရောပြည်သူ့စစ်တွေပါ ဝင်ဖမ်းတော့ စကစအရာရှိတွေတွေ့တာပဲ။ ဒီဖြစ်စဉ်ကိုတမြို့လုံးကသိတာဆိုတော့ သူတို့ချင်းပြဿနာတက်နေကြတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိထားသည့်စစ်ကောင်စီအရာရှိများထံမှ ၎င်းတို့လုယက်ထားသည့် ကားနှင့်ငွေကြေးများ၊ လက်နက်ခဲယမ်းအချို့လည်း တွေ့ရှိခဲ့သည်။

(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

စစ်ကောင်စီလက်ထက်တွင် တရားဥပဒေစိုးမိုးမှုမရှိ‌တော့သည့်မူဆယ်မြို့၌ (၃)နှစ်တာကာလအတွင်း ပြန်ပေးဆွဲမှုအကြိမ် ၂၀ခန့်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၉ရက်‌က မူဆယ်မြို့လယ်၌ ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးအား လက်နက်ကိုင်သူတစ်စုက ဆေးခန်းအတွင်းဝင်၍ ဖမ်းဆီး ပြန်ပေးဆွဲသွားကာ ငွေကျပ်သိန်းထောင်ချီတောင်း၍ ပြန်ရွေးခိုင်းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ပြန်ပေးဆွဲမှုကျူးလွန်သူများ၏နောက်ကွယ်၌ ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များရှိနေသည်ဟု ဒေသခံများက ဆိုသည်။

” ၁၀၅ မိုင်က AA သိမ်းထားတယ်။ နယ်စပ်ကုန်သွယ်းရေးလည်း ရှိမနေဘူး။ ဝင်ငွေမရှိလို့ ဘိုင်ပြတ်နေတဲ့ စစ်ခွေးတွေက ဓားပြတိုက်စားနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်ကလည်း မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ဆောင်သူ ပြည်သူ့စစ် ၁၁ဦးနှင့် မူဆယ်အခြေစိုက် ခလရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို ရွှေလီမြို့၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

တပ်မ(၉၉)တပ်မမှူး၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ အပေးအယူအနေဖြင့် မူဆယ်ရှိ ကျားဖြန့်တရားခံများကို ဖမ်းဆီးလွှဲပြောင်းပေးရန် တရုတ်က တောင်းဆိုခဲ့ရာ မူဆယ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တရုတ်နှင့်ပူးပေါင်း၍ မတ်လ ၂၈ရက်မှ မတ်လ ၃၁ရက်အထိ စစ်ကောင်စီကစီးနင်းဖမ်းဆီးခဲ့သည်။

စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှုမရှိတော့သည့်ဒေသများ၌ ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုများ၊ဓားပြမှုများ၌ စစ်ကောင်စီအရာရှိများပါဝင်ပတ်သက်နေသည့်အထောက်အထားများ တွေ့ရှိရသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဒုဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်သည့် ဓားပြအဖွဲ့ကို ဒေသခံများ၏သတင်းပေးမှုဖြင့် ဖေ​ဖော်ဝါရီ၂၉ ရက်တွင် ဖမ်းမိခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

ထို့အပြင် မန္တလေးမြို့၌ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြတိုက်မှုအချို့၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကျူးလွန်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ