Connect with us

Hi, what are you looking for?

သတင်း

မြ၀တီမြို့ရှိ လောင်းကစားဂိမ်းဆိုင်များပိတ်ရန် အပစ်ရပ်လက်မှတ်ထိုးထား​သော ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ညွှန်ကြား

မြဝတီမြို့၌ လောင်းကစားဂိမ်းဆိုင်အကြောင်းပြ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိတစ်ဦးက ပြောသည်။

(မြဝတီမြို့တနေရာအား ပြီးခဲ့သည့် ဧပြီ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(မြဝတီမြို့တနေရာအား ပြီးခဲ့သည့် ဧပြီ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️ လောင်းကစားဂိမ်းဆိုင်အကြောင်းပြ မူးယစ်ဆေးရောင်းဝယ်မှုပြုလုပ်နေဟုဆို

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့ရှိ လောင်းကစားဂိမ်းဆိုင်များပိတ်သိမ်းရန် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့် ကရင် ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)တို့က ညွှန်ကြားထားသည်။

DKBAနှင့် KNLA PCက ဇူလိုင် ၁၀ရက် နေ့စွဲဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားစာ မိတ္တူကိုလည်း စစ်ကောင်စီ၏ ရှေ့တန်းတပ်မ(၄၄)၊ ရှေ့တန်းရုံး(မြ၀တီမြို့) ၊ မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး၊ မြ၀တီရဲစခန်းနှင့် BGF ရုံးထံ ပေးပို့ထားသည်ကိုလည်း တွေ့ရသည်။အဆိုပါ လက်နက်ကိုင် နှစ်ဖွဲ့လုံးသည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

DKBAက ၎င်းတို့ တပ်ဖွဲ့ဝင်အားလုံးသို့ သို့ ပေးပို့ထားသည့် ညွှန်ကြားစာတွင် အဖွဲ့၏ စစ်စည်းကမ်းတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားများ အား လုပ်ဆောင်ခြင်း လုံး၀ မလုပ်ရန် တားမြစ်ထားပြီးဖြစ်၍ အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စာထုတ်ပြန်ပြီး ၂၄ နာရီ ကျော်လွန်ပါက အမိန့်တည်မြဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းညွှန်ကြားစာကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNLA-PC၏ ညွှန်ကြားစာတွင် တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများအား လုံး၀မလုပ်ရန် တားမြစ်ထား၍ အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု အသိပေးထားသည်။

အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့်အဖွဲ့များဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီနှင့် ​ဆွေး​နွေးပွဲများပုံမှန်တက်​ရောက်​နေ​သောအဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။

မြဝတီမြို့၌ လောင်းကစားဂိမ်းဆိုင်အကြောင်းပြ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိတစ်ဦးက ပြောသည်။

” ကျွန်တော်တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အခုတစိုက်မက်မက်လုပ်တယ်။ လုပ်တဲ့နေရာမှာ များသောအားဖြင့်တော့ဂိမ်းရုံနဲ့ ဆက်စပ်မှုလေးတွေရှိတော့ ဒါလေးတွေကိုပိတ်သိမ်းဖို့လိုလာမယ်လို့ ကျွန်တော်တို့က ယူဆပြီးတော့မှ မြဝတီမြို့ပေါ်မှာ ရပ်ကွက်တွေထဲမှာဖွင့်ထားတဲ့ ဂိမ်းဆိုင်တွေပိတ်သိမ်းဖိုအတွက်ကို ကရင်လက်နက်ကိုင်တွေညှိနှိုင်းပြီးတဲ့နောက်၊ အဲကနေပြီးတော့မှ ကျွန်တော် တို့ ဆုံးဖြတ်၊ ဒီနေ့ဆိုရင် လိုက်လံစစ်ဆေးနေပြီ”ဟု BGF တာဝန်ရှိသူက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုကို ဇူလိုင် ၁၀ရက်က စတင်ခြင်းဖြစ်ပြီး ဆပ်လက်ဖွင့်ထားသော ဂိမ်းဆိုင်များတွေ့ရှိပါက ပစ္စည်းများပါ သိမ်းဆည်းခံရမည်ဟု ၎င်းက ဆက်ပြောသည်။

သို့​သော် ကရင်ပြည်နယ်တွင် ​လောင်းကစားလုပ်ငန်း ၊မူးယစ်​ဆေး​ရောင်းဝယ်မှုများမှာလက်နက်ကိုင်အဖွဲ့များနှင့်အဓိကဆက်စပ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။​လောင်းကစားသာမက ကျားဖြန့် အွန်လိုင်း​ငွေလိမ်လုပ်ငန်းများမှာလည်း လက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ကရင်ပြည်နယ်တွင် အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သလို အာဏာသိမ်းစစ်​ကောင်စီတပ်ကို ခုခံ​တော်လှန်နေ​သော ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့်မူ လောင်းကစားလုပ်ငန်းများ အပါအဝင် နယ်စပ်ဒေသ ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အဖွဲ့၏ သဘောထားကို အသိပေးထားရာ ရာဇဝတ်မှုများ တိုက်ဖျက်ရန် အိမ်နီးချင်းအပါအဝင် နိုင်ငံတကာကို ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

သတင်း

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

Facebook