Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့တွင် ဘဏ်အပါအဝင် ပိတ်ထားသော နေအိမ်၊ ဈေးဆိုင်များအား စစ်ကောင်စီ ဝင်ခိုးယူနေဟု ဒေသခံများပြော

ပစ်ခတ်ခံရသူမှာ စဥ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက်(၆၀)ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီးဆိုသူဖြစ်ပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

(စဥ့်ကူးမြို့ပေါ်ရှိ စစ်အုပ်စုဖောက်ထွင်းခဲ့သော CB ဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စဥ့်ကူးမြို့ပေါ်ရှိ စစ်အုပ်စုဖောက်ထွင်းခဲ့သော CB ဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ပေါ်တွင် စစ်ကောင်စီက ဘဏ်အပါအဝင် ပိတ်ထားသောနေအိမ်နှင့် ဆိုင်ခန်းများမှ ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေပြီး ဖောက်ထွင်းနေစဥ် ကြည့်မိသော ပြည်သူတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားနေ၍ မြို့ခံများတိမ်းရှောင် နေရချိန် မြို့ပေါ်ရှိဘဏ်များအဝင် ဆိုင်ခန်းနှင့် နေအိမ်အများအပြားအား စစ်ကောင်စီက ဝင်ရောက်ခိုးယူနေကြောင်း၊ ထို့အပြင် ဇူလိုင် ၁၀ ရက်က CB ဘဏ်အားဝင်ရောက်ဖောက်ထွင်းနေသည်ကို မြင်သွားသည့် အမျိုးသားတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က ပြောသည်။

“ဘဏ်ဖောက်ထွင်းချိန်ထွက်ကြည့်မိလို့ ပစ်တာ။ဗိုက်မှန်သွားတယ်။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသူမှာ စဥ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက်(၆၀)ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီးဆိုသူဖြစ်ပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

ဇူလိုင် ၉ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စံကျောင်းဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ အမျိုးသမီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မခေါက်ကျေးရွာမှဖြစ်ပြီး ယခင်ကလည်း ရွှေဘိုနယ်ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများအား လုယက်ပြီး ကျောက်မြောင်းတပ်အတွင်းသို့ပို့ဆောင်လေ့ရှိကြောင်း သတင်းရရှိသည်။

စဥ့်ကူးမြို့နယ်အပါအဝင် မတ္တရာနှင့် သပိတ် ကျင်းမြို့နယ်များ၌ ဇွန်လကုန်ပိုင်းမှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာအများအပြားမှ ပြည်သူသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ရှောင်စခန်းအချို့ ရိက္ခာလိုအပ်ချက်များ ရှိနေသည်။

ထို့အပြင် စဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သို့သော် စဥ့်ကူးနှင့် မတ္တရာမြို့နယ်၌ ဖော် ဆောင် နေသော ရှမ်းမန်းစစ်ဆင်ရေးတွင်

စစ်ရေးအောင်ပွဲများရရှိနေပြီး နှစ်ပတ်အတွင်း စစ်ကောင်စီတပ်စခန်း(၃၆)ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့် လက်နက်ချအလင်းဝင်သူ စုစု​ပေါင်း ၁၃၀ကျော်ရှိ​ကာ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။