Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ် ဆူးတောရွာတပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆူးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

Chauk Guerilla Force(CGF)အဖွဲ့ဝင် ရဲဘော် အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CGF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆူးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂ဝ ရက် ည ၈နာရီခွဲခန့်က ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောရွာ၌ အင်အား ၃ဝကျော်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chauk Guerilla Force(CGF) အဖွဲ့၏တာဝန်ခံ ကိုဘကွန်းက ပြောသည်။

“သူတို့နဲ့ မီတာ ၅၀အတွင်းပဲ ခြားတာ။ တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ အရာရှိ တစ်ဉီး အပါအဝင် ၁၀ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူများတယ်။ ထိခိုက်သေဆုံးတာတွေက တိုက်ပွဲဖော်ဆောင်တဲ့ ရဲဘော်တွေရဲ့ မျက်မြင်ပါဗျ။”ဟု CGFတာဝန်ခံ ကိုဘကွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Chauk Guerilla Force(CGF)နှင့် People Defense Force Chauk(ချောက်ပကဖ)၊ မြိုင်ပကဖ၊ Oak Owe UG ပြောက်ကျားတပ်ဖွဲ့၊ အာဠာဝကပြောက်ကျားအဖွဲ့၊ Bagan Bo Cho အဖွဲ့၊ YRF တပ်ရင်း ၁၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယခုဇူလိုင်အတွင်း၌ပင် ချောက်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့လည်း ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook