Connect with us

Hi, what are you looking for?

သတင်း

ပဒိုနော်စီဖိုးရာစိန်သည် တော်လှန်ရေးအတွက် တာဝန်ကျေပွန်သည့် အမျိုးသမီးသူရဲကောင်းဟု KNU ထုတ်ပြန်

စစ်အုပ်စုအာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်ကြောင်း ဦးစွာထုတ်ဖော်ပြောဆိုခဲ့သည့် အမျိုးသမီးခေါင်းဆောင်ဟု NUG ဝမ်းနည်းကြောင်းသဝဏ်လွှာ၌ဖော်ပြ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် KNUတို့က ဖော်ပြခဲ့ပြီး တော်လှန်ရေးအတွက် အမျိုးသမီးသူရဲကောင်းတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။

KNUအထွေထွေအတွင်းရေးမှူး၊ KNU ဒုဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့သည့်ပဒိုနော်စီဖိုးရာစိန်သည် ဇူလိုင် ၂၄ရက် နေ့လယ်ပိုင်းတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန် အား အမျိုးသမီးသူရဲကောင်းတစ်ဦးအနေဖြင့် အသိမှတ်ပြုပြီး ကျန်ရစ်မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါသည်။ ပဒိုနော်စီဖိုးရာစိန်မှ ချပေးခဲ့သော သတ္တိနှင့် ပေးဆပ်မှု အမွေအား ဆက်ခံရန် ကျွန်ုပ်တို့အားလုံးအတွက် ခွန်အားဖြစ်ပါစေ” ဟု KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယမန်နေ့တွင် ထုတ်ပြန်သည်။

ပဒိုနော်စီဖိုးရာစိန်သည် စိတ်ဓာတ်ခိုင်မာ ပြတ်သားသည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ကွယ်လွန်သွားရခြင်းသည် ကရင်တိုင်းရင်းသားလူမျိုးတို့အတွက်သာမကမြန်မာတနိုင်ငံလုံးအတွက်အဖိုးတန်သည့် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားရသည်ဟု မှတ်ယူကြောင်း NUG၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ပဒိုနော်စီဖိုးရာစိန်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တိုင်းပြည်အာဏာကို မတရား သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စု၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ပျက်ပြယ်ကြောင်း အစောဆုံးထုတ်ဖော်ပြောကြားခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအား အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ပဒိုနော်စီဖိုးရာစိန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို လေးစားအသိအမှတ်ပြုပါကြောင်း NUGက သဝဏ်လွှာပေးပို့ခဲ့ပြီး ယခုကဲ့သို့ကွယ်လွန်သွားခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။