Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့နယ် ရွာသာယာရွာရှိပျူစခန်းကို PDFများသိမ်းပိုက်

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက စဥ့်ကူးမြို့နယ်တွင် ကျန်ရှိနေသော ရွာသာယာရွာပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စဥ့်ကူးမြို့သိမ်းတိုက်ပွဲ၌ PDFရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ရွာသာယာရွာရှိ ပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက စဥ့်ကူးမြို့နယ်တွင် ကျန်ရှိနေသော ရွာသာယာရွာပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အရှင်ဖမ်း​ဆီးရမိသူများလည်းရှိပြီး PDFဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“တချို့ပျူတွေကတော့ စက်လှေတွေနဲ့ စစ်ကိုင်းဘက်ခြမ်း ရှိမ်းမကားစခန်းကို ဆုတ်ပြေးသွားကြတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

ရွာသာယာပျူရွာသည် စဥ့်ကူးနယ်အတွင်း ပျူအင်အားကောင်းသည့်ရွာဖြစ်ပြီး စဥ့်ကူးမြို့နယ်သာမက စစ်ကိုင်းတိုင်းဘက်ရှိပြည်သူများကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီဘက်ကလည်း စဥ့်ကူးမြို့နယ်အား ကျောက်မြောင်းဘက်ခြမ်းမှလက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။