Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတစ်လတာအတွင်း အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်

သေဆုံးပြည်သူများတွင် ကလေးငယ် ၁၄ဦးထက်မနည်းပါဝင်

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲတစ်လတာအတွင်း ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA) နှင့် မဟာမိတ်တပ်များဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲတစ်လတာအတွင်း အရပ်သား သေဆုံးသူ ၁၂၅ဦး ၊ ဒဏ်ရာရသူ ၁၆၇ ဦး ရှိခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်တွင် စတင်ဆင်နွှဲခဲ့ရာ ယနေ့ (ဇူလိုင် ၂၅ရက်)တွင် တစ်လပြည့်ပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲတစ်လတာအတွင်း ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – TNLA

အရပ်သားသေဆုံးထိခိုက်မှုများသည် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ထုတ် ပြန်ခဲ့ပြီး နေအိမ် ၉၃လုံး၊ ဘုန်းကြီးကျောင်း(၈) ကျောင်း နှင့် စာသင်ကျောင်း (၇)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊မိုးမိတ်၊ လားရှိုး၊ သီပေါ စသည့် မြို့နယ်များ၌ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲတစ်လအတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၄ဦး၊ အမျိုးသား ၂၄ဦး စုစုပေါင်း ၃၈ ဒဦးသေဆုံးကာ ကလေး ၄ဦး ၊အမျိုးသား ၁၅ဦးနှင့် အမျိုးသမီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

နောင်ချိုမြို့နယ်တွင် အရပ်သားအမျိုးသား (၁၀)ဦး၊ အမျိုးသမီး(၈)ဦး စုစုပေါင်း ၁၈ဦး သေဆုံးကာ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုအသိပေးသည်။

မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား၁၁ဦး စုစုပေါင်း ၂၈ဦး သေဆုံးပြီး အမျိုးသား ၂၆ဦး၊ အမျိုးသမီး ၂၂ဦးနှင့် ကလေး ၁၀ဦး စုစုပေါင်း ၅၈ ဦး ဒဏ်ရာရခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲတစ်လတာအတွင်း ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – TNLA

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

လားရှိုးမြို့တွင် အမျိုးသား ၂၁ဦး၊ အမျိုးသမီး ၁၂ဦး ကလေး ငါးဦးသေဆုံးပြီး စုစုပေါင်း ၃၈ ဦးသေဆုံးကာ အမျိုးသား ၂၇ဦး၊ အမျိုးသမီး၂၁ဦး စုစုပေါင်း ၄၈ ဦး ဒဏ်ရာရခဲ့သည်။

သီပေါမြို့တွင် သေဆုံးမှုမရှိဘဲ ပြည်သူ ၅ဦး လက်နက်ကြီး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲ တစ်လအတွင်းတွင် စစ်ကောင်စီက စစ် ရှုံး၍ အရပ်သားများရှိရာ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း၊ ဒေသခံသုံးသောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ဆင်ရေးတစ်လအတွင်း နောင်ချို၊ မိုးကုတ်မြို့များကို TNLA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး ကျောက်မဲ၊ မိုးမိတ်မြို့များကိုလည်း စိုးမိုးထိန်းချုပ်ထားသည်။ ကိုးကန့်တပ် MNDAAက လည်း ယနေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲတစ်လတာအတွင်း ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။