Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် မိုးမိတ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

နောင်ချိုမြို့နယ် ရေဖြူရွာသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLAက ဆိုသည်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး ရှိမရှိ အခြေအနေဖော်ပြထားခြင်းမရှိပေ။

မိုးမိတ်မြို့တွင်လည်း ယနေ့ ညနေပိုင်း၌ စစ်ကောင်စီ၏ လက်ကျန် ဗျူဟာကုန်းစခန်းကို TNLAက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီကလည်း ဗျူဟာကုန်းအတွင်းY12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ တစ်ကြိမ် လာရောက်ကြဲချခဲ့ကြောင်း ဖော်ပြထားသည်။

TNLAသည် မိုးမိတ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို ဇူလိုင် ၂၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်ရေးအခြေအနေမှာ မိုးမိတ်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီးဗျူဟာကုန်းကိုသာ ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLA နှင့်အတူတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းပြန်ကြားရေးတာဝန်ရှိသူက ယနေ့ ညနေပိုင်း၌ ပြောပြသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

TNLA နှင့်မဟာမိတ်များသည် ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို စတင်ဖော်ဆောင်ခဲ့ရာ တစ်လအတွင်း နောင်ချို၊ မိုးကုတ် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည်။

ထို့ပြင် ကျောက်မဲနှင့် မိုးမိတ်မြို့များကိုလည်း ဝင်ရောက်နေရာယူ စိုးမိုထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။