Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ရှိ အုပ်ကြီးနှင့် ပျူစောထီးနေအိမ် များအား PDFများ ဝင်ရောက်စီးနင်း

ပျူစောထီးနှင့်အုပ်ကြီးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုသိမ်ကြီး ပကဖ

​အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ​၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ် တစ် လက်၊ ဖုန်း တစ်လုံးတို့သိမ်းဆည်းရမိကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် တောစုကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်အား ထပ်မံဝင်ရောက်စဥ် ၎င်းအုပ်ကြီးမရှိဘဲ သားဖြစ်သူသာရှိ၍ ဆိုင် ကယ် ၃စီး ၊ဖုန်း သုံးလုံးအား သိမ်းဆည်းခဲ့ကြောင်း ပုသိမ်ကြီးပကဖက အသိပေးသည်။

“သားကိုတော့ မရှင်းခဲ့ပါဘူးဗျ။ နည်းနည်းပါးပါးပဲ သတိပေးဆုံးမခဲ့ပါတယ်။”ဟု ပုသိမ်ကြီးပကဖတာဝန်ရှိသူက ဆိုသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား စစ်ကောင်စီ အလိုကျ ဖမ်းဆီးနှိပ်စက်နေသော ပျူစောထီး၊ သတင်းပေး၊ အုပ်ချုပ်ရေးမှူးများအား ဆက်လက်ရှင်းလင်းသွားမည်ဟု ပုသိမ်ကြီးမြို့နယ်ပကဖက သတိပေးထားသည်။

ပုသိမ်ကြီးမြို့နယ်သည် တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့နယ်နှင့်ဆက်နေပြီး တိုက်ပွဲဖော်ဆောင်မှုများရှိလာနိုင်၍ နယ်ခံအချို့ပင် ကြိုတင်ရှောင်တိမ်းနေကြသည်။

ပုသိမ်ကြီးမြို့သည် မန္တလေးမြို့အရှေ့ဘက် (၅)မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။