Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲကျဆုံးခဲ့သည့် PDF ရဲဘော်နှစ်ဦးနာရေးပြုလုပ်

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ရွာသာယာရွာပျူစခန်းသိမ်းတိုက်ပွဲ၌ ကျဆုံးခဲ့သော ရဲဘော်တစ်ဦး၏ နာရေးအား ပြုလုပ်နေစဥ်။ ဓာတ်ပုံ-ကင်းထောက်မြေပြင်သတင်းမှန် ပြန်ကြားရေး

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာယာပျူစောထီးကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မန္တေလးခရိုင်သင်တန်းမှူးအပါအဝင် PDF ရဲဘော်နှစ်ဦး၏ နာရေးအခမ်းအနားအား ဇူလိုင် ၂၆ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ရွှေဘိုခရိုင် တပ်ရင်း(၆)က တစ်ဦး၊ ခရိုင်သင်တန်းမှူးတစ်ဦးကျတာ။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွာသာယာရွာပျူစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင်၂၄ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အရှင်ဖမ်း​ဆီးရမိသူများလည်းရှိပြီး စစ်ဗိုလ် အပါအဝင် ပျူစောထီး ၃၀ခန့် စစ်ကိုင်းတိုင်း၊ ရှိမ်းမကားရွာဘက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်