Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် စစ်ကောင်စီ​၏ SB ဒုရဲမှူးကို PDF များ ပစ်ခတ်ရှင်းလင်း

ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သည့် ဒုရဲမှူးအောင်ဇော်မျိုးကို ၎င်း၏ နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကောင်စီ​၏ သတင်းရဲတပ်ဖွဲ့ (SB)မှ ဒုရဲမှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ယနေ့(ဩဂုတ် ၁ရက်) နံနက်တွင် ပစ်ခတ်ရှင်းလင်းလိုက်သည်။

ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သည့် ဒုရဲမှူးအောင်ဇော်မျိုးကို ၎င်း၏ နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မနက်က။ သတင်းရဲတပ်ဖွဲ့က ကောင်ကို ပစ်ခတ်ရှင်းလင်းလိုက်တာ မှန်ပါတယ်။ သက်ဆိုင်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒုရဲမှူး အောင်ဇော်မျိုးသည် ရင်ဘတ်နှင့် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပစ်ခတ်ခံရသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်ကောင်စီလည်းအောက်ခံ တယ်လီဂရမ်ချန်နယ်ချို့က ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုအား နယ်စည်းမခြားရွှေဘိုသားများအဖွဲ၊နဂါးညီနောင်နှင့် မိုင်းဘီလူးအဖွဲ့တို့ပူးပေါင်းပြီး ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိထားသည်။

ရွှေဘိုခရိုင်တွင် လတ်တလော၌ စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးကို ရွှေဘိုခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ ပါဝင်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။