Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က လက်ကျန် တပ်ရင်းတွေကို KNU မြေပြင်မှာ ဖြတ်တောက်ပိတ်ဆို့ထား

ကရင်ပြည်နယ်၊ ဖာပွန်ကို အပြီး သတ်သိမ်းနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျုဟာနဲ့ တပ်ရင်း ၂ ရင်း ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ကို အပြီး သတ်သိမ်းနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျုဟာနဲ့ တပ်ရင်း ၂ ရင်း ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

အဲဒီတပ်တွေ မြေပြင်မှာ ဝန်းရံပိတ်ဆို့ ဖြတ်တောက်ခံရတဲ့အတွက် ခဲယမ်းနဲ့ ရိက္ခာ ကို စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပဲ ပို့ဆောင်နေတာတွေ့ရတယ်လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လကစပြီး ဖာပွန်က စစ်ကောင်စီတပ်စခန်းတွေကို KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေ က တိုက်ခိုက်ရာမှာ မြို့ပေါ်က တပ်စွဲရာနေရာတွေကနေ စစ်ကောင်စီတပ် ဆုတ်ပေးလိုက်ရတာပါ။

အဲဒီနောက်ပိုင်း မြို့ ပေါ်ကို KNU က ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဖာပွန်မှာ စစ်ကောင်စီက အခြေချ စစ်ဗျုဟာ ၊ ခြေလျင်နဲ့ ခြေမြန်တပ်ရင်း၅ ရင်းကို တပ်တည်ထားတာ ဖြစ်ပါတယ်။

အဲဒီတပ်တွေဟာ မြို့ပြင်ရှိပြီး KNU နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ရာမှာ တပ်ရင်းဌာနချုပ် ၃ ခုကို သိမ်းထားနိုင်ခဲ့ပြီး ဆက်လက်သိမ်းယူဖို့ စစ်ဗျုဟာနဲ့ ခြေမြန်တပ်ရင်း ၂ ရင်းသာကျန်ရှိတော့တာပါ။

ဖာပွန်မှာကျန်နေတဲ့ စစ်ဗျုဟာ ၊ အမှတ် (၃၄၀) နဲ့အမှတ် (၃၄၁) ခြေမြန်တပ်ရင်းတွေ KNU ရဲ့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ခံရချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လာတာရှိတယ် လို့သိရပါတယ်။

“ပြီးခဲ့တဲ့တလောကတော့ သူတို့က တော်တော်လာပစ်သွားတယ်” လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

KNU တပ်မဟာ (၅) စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ နေရာယူ တပ်စွဲထားတဲ့တပ်စခန်းတွေ ရိက္ခာလမ်းကြောင်းဖြတ်တောက်ခံရတာ ၊ ပိတ်ဆို့ တိုက်ခိုက်ခံရတာတွေကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတာရှိပါတယ်။

အထူးသဖြင့် ထိုင်းနယ်စပ် အနီး သံလွင် မြစ်ကြောင်းက တပ်စခန်းတွေကို စစ်ကောင်စီ ဆုံးရှုံးခဲ့ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook