Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု CDF အသိပေး

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၂ရက်တွင် Operation Rung အမည်ဖြင့် Chinland Defense Force – Hakha နှင့် Chin National Armyမှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ဟားခါး-ထန်တလန်လမ်းပိုင်းရှိ ကေးဘန်ဇွမ်းစစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ၆၀ မမ လက်နက်ကြီး တစ် လက်၊ MA1 ၂လက်၊ MA2 ၄လက်၊ MA3 ၁လက်၊ MA4 ၂လက်၊ Machine gun ၁လက် စုစုပေါင်း လက်နက် ၁၁လက် နှင့် ကျည်များ၊ မိုင်းများ သိမ်းရဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ပေးပို့

CDF ဟားခါးအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဟုလည်း CDF ဟားခါးက ထပ်လောင်းအသိပေးခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်မေတ္တာရပ်ခံထားသည်။

CDFဟားခါးနှင့် CNA အပါအဝင် ချင်းပြည်ကောင်စီအဖွဲ့ဝင် တပ်များသည် ဇူလိုင် ၂၂ရက်မှစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး ထန်တလန်မြို့ အပြီးသတ်သိမ်းနိုင်ရေးတိုက်ပွဲဆက်ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း