Connect with us

Hi, what are you looking for?

သတင်း

ကရင့်အရေးသာမက တတိုင်းပြည်လုံး တော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင် KNU ကြိုးပမ်းနေဟု ဝါရင့်ခေါင်းဆောင် ပဒိုစောသမိန်ထွန်း ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေး အောင်မြင်မှုရရှိအောင် ကြိုးစားနေပြီး ထိုသို့ ကြိုးစားနေမှုကို ပေါ်လွင်အောင် လိုက်လံရှင်းပြနေ၍ မရကြောင်း KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းက ပြောသည်။

KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်း။ ဓာတ်ပုံ - KIC

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေး အောင်မြင်မှုရရှိအောင် ကြိုးစားနေပြီး ထိုသို့ ကြိုးစားနေမှုကို ပေါ်လွင်အောင် လိုက်လံရှင်းပြနေ၍ မရကြောင်း KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းက ပြောသည်။

ယမန်နေ့ (ဩဂုတ် ၁၂ရက်)က ကျရောက်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNUဗဟို အမြဲတမ်း ကော်မတီဝင်လည်းဖြစ်သည့် ပဒိုစောသမိန်ထွန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအောင်မြင်မှုရရှိအောင် အားလုံးနားလည်အောင် ရှင်းပြလိုက်ပါက ရန်သူ မင်းအောင်လှိုင်၏ စစ်ကောင်စီဘက်က သိရှိမည်ဖြစ်၍ လုပ်ဆောင်နေသည့် အရာအားလုံးကို ပြောပြ၍မရဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

” ကျနော်တို့ အစီအစဉ် ကျနော်တို့ လုပ်မယ်။ အဲဒါကို ခင်ဗျားက ဖထီးက အိပ်ငိုက်နေတုန်းလို့၊ ကွမ်းကြီးဝါးနေတုန်းလို့ ၊ ဖားရှာထွက်နေတုန်းလို့ ဒါမျိုးတွေတော့ မပြောနဲ့ ဒါကလေးစကားတွေ။ကျနော်တို့ရဲ့ တော်လှန်ရေးကြီးကို တပြည်လုံးရဲ့ တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင် ကျနော်တို့ လုပ်ဖို့နော်”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

ထိုသို့ အော်လှန်ရေးအောင်မြင်အောင် ကြိုးပမ်းရာတွင် KNU အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး၌ တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

” အဲဒီလိုသာ ဟိုဝေဖန်တာ ဒီဝေဖန်တာတွေများပြီးမှ ရှေ့မကြည့် နောက်မကြည့်နဲ့ ကိုယ့်ခြေထောက်နဲ့ကိုယ် ခလုတ်တိုက်တာတွေဖြစ်နေရင်တော့ ဒီကြားထဲမှာ စားသွားမှာပဲ မင်းအောင်လှိုင်။အဲဒါကို အထူးသတိပြုရမယ်။ သူလည်း သူ့ဘက်က သူကြိုးစားနေတယ်။ ဘာမှ မရတော့ လေယာဉ်ပျံသုံးတယ်။ အဲဒီ လေယာဉ်ပျံမရတော့ ကိုယ့်အတွင်းမှာ လှိုက်လှဲဖြိုခွဲအောင် သပ်ရှိုတွေလုပ်တာ။ အဲဒါကို ကျနော်တို့က လေ့လာမှု မရှိရင် သူ့ဘက်ကို ပါသွားရော့။ ဒါကြောင့် ဒါသိပ်အရေးကြီးပါတယ်။ ဒီကနေ့ကာလက”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

တိုင်းရင်းသားပြည်သူ၊ နိုင်ငံရေးပါတီ၊ လက်နက် ကိုင်အဖွဲ့အစည်းအားလုံးက တက်ညီလက်ညီ စုစည်းညီညွတ်စွာ လုပ်ဆောင်ကြရမည်ဟုလည်း ၎င်းက ဆိုသည်။

” ဒီစစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မှ ကျနော်တို့ ရချင်တဲ့ဖက်ဒရယ် ဒီမိုကရေစီ ရမှာ။စစ်အာဏာရှင်စနစ်ရှိနေသမျှ အုပ်စုရှိနေသမျှ ဘယ်တော့မှ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ရမှာ မဟုတ်ဘူး”ဟုလည်း ပဒိုစောသမိန်ထွန်းက ပြောသည်။

KNUသည် စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး သုံးနှစ်ခွဲကျော် ကာလအတွင်း တိုက်ပွဲကြီးငယ် သောင်းချီပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်မည့်သူများကို စစ်ပညာ သင်ကြားပေးမှု အပါအဝင် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိ KNU ခရိုင်တပ်မဟာအသီးသီးတွင် PDFများနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook