Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သားများအား PDF ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ အထိုင်စခန်းသို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန် ကြားရေးတာဝန်ခံက ပြောသည်။

ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းထွက်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - PPDF

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ အထိုင်စခန်းသို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန် ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၅ ရက် နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က ပေါင်းတည်နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းသို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သား ၂၆ ဦးအား ညောင်နီပင်ရွာနှင့် သစ်ပုတ်ကျေးရွာကြား၌ တပ်ရင်း ၃၆၀၁၊ ၃၆၀၂ နှင့် ၃၈၀၁ တို့မှ တပ်ခွဲများပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“မှတ်တိုင်ရွာဘက်ကနေလာပြီး အင်အားဖြည့်တာ။ အဲဒီမှာက စကစ လက်အောက်ခံ ခမရ (၁၀)တပ်အထိုင်ရှိတယ်”ဟု အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သားများ၏ အခြေအနေကို တပ်ရင်း ၃၆၀၁မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုမှာ အချိန်(၆)နာရီခန့်ကြာ မြင့်ပြီး စစ်ကောင်စီတပ်သား ၁၄ဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း တပ်ရင်း ၃၆၀၁က အသိပေးသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်အန္တရာယ်မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် သေဆုံးနှင့် ဒဏ်ရာရသူများအား ကားဖြင့်သယ်ထုတ်၍ ရွှေတောင် ကုတင်(၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင်လည်း သြဂုတ် ၁၅ ရက်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးပြီးပြန်လာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကိုဂွေးတောက်ရွာအနီး၌ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၁)မှ ပဒေသာမိုင်းများဖြင့်(၃)ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook