Connect with us

Hi, what are you looking for?

သတင်း

နွေဦး​တော်လှန်​​ရေး ရက် ၁၃၀၀ပြည့်ချိန်တွင် တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ကို နီးလာပြီဖြစ်ကြောင်းသွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ​ပြော

ပိုမို သွေးစည်းညီညွတ်ကြပါစို့ဟု ပြည်သူထံသဝဏ်လွှာပို့

စဥ့်ကူး ၊လားရှိုး ရမခ ၊တ​ကောင်းမြို့ သိမ်းပြီး​နောက်​အောင်ပွဲခံ​နေ​သော ​တော်လှန်​ရေးအဖွဲ့များ။ ဓါတ်ပုံ-MDY-PDF

သတိုး / People’s Spring

စစ်ကောင်စီ အာဏာသိမ်းထားသည့် ရက်ပေါင်း ၁၃၀၀ ပြည့်ချိန်တွင် တော်လှန်ရေးအင်အားစုများဘက်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ပေါင်း ၈၀ ခန့်အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီးတော်လှန်ရေးအောင်မြင်မှုပန်းတိုင်ကို နီးလာပြီဖြစ်ကြောင်း တော်လှန်ပြည်သူများထံ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က သဝဏ်လွှာပေးပို့သည်။

“မိမိတို့ အနေဖြင့် တော်လှန်ရေးကာလ ရက်ပေါင်း ၁၃၀၀ အတွင်း အသက်၊ ဘဝ၊ ခန္ဓာ၊ အိုးအိမ် ဆုံးရှုံးခဲ့ရသူများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးခဲ့ရသူများ တဦးချင်းအား အလေးနီပြုလျက် တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ရေး ရှေ့ဆက်သွားဦးမည်ဖြစ်ပါသည်။” ဟု သွေးစွန်းငွေ‌ဖြတ်တောက်ရေး၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

​သွေးစွန်း​ငွေဖြတ်​တောက်​ရေး(Blood Money Campaign )အဖွဲ့သည် စစ်​ကောင်စီအ​ပေါ် နိုင်ငံတကာမှ ဒဏ်ခတ်အ​ရေးယူမှုများပြုလုပ်ရန် ၊စစ်အုပ်စု နှင့် စစ်တပ်​​ဒေါက်တိုင်များအ​ပေါ် ပြည်သူလုထုကဒဏ်ခတ်ရန် တက်ကြွစွာလှုပ်ရှား​နေ​သောအဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အတူ မိမိတို့အားလုံး၏ အန္တိမ မျှော်မန်းချက်ဖြစ်သော အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် တရားမျှတမှု ရှိသော နိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် ဆက်လက် ကြံ့ကြံ့ခံကာ ယခုထက်ပိုမို သွေး

စည်းညီညွတ်ကြပါစို့ဟု ဆန္ဒပြုရင်း လေးစားစွာဖြင့် တော်လှန်ပြည်သူထံသို့ သဝဏ်လွှာပေးပို့အပ်ပါသည်။

စဥ့်ကူး ၊လားရှိုး ရမခ ၊တ​ကောင်းမြို့ သိမ်းပြီး​နောက်​အောင်ပွဲခံ​နေ​သော ​တော်လှန်​ရေးအဖွဲ့များ။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တိုင်းပြည်အာဏာကိုအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဩဂုတ် ၂၃) တွင် ရက်ပေါင်း ၁၃၀၀ ပြည့်‌မြောက်ပြီဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ “အာဏာရှင်စနစ် ဖျက်သိမ်းရေး”၊ “ ဒီမိုကရေစီ ရရှိရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး”၊ “ရုံးမတက်နဲ့ ရုန်းထွက်”စသည့် ကြွေးကြော်သံများအတိုင်း အကြမ်းဖက်စစ်အုပ်စု၏ ယန္တရားများ မလည်ပတ်နိုင်ရန် အကြမ်းမဖက်အာဏာဖီဆန်မှု(CDM) စတင်ခဲ့သည့် စစ်အာဏာရှင်စနစ် တော်လှန်ရေးသည် တမြို့ပြီးတမြို့ သိမ်းယူနိုင်သည့် လက်နက်ကိုင် ပြည့်သူ့ တော်လှန်ရေး အဖြစ်သို့ တိုးတက်ပြောင်းလဲခဲ့ပြီ ဖြစ်ပါသည်။ ” ဟု သွေးစွန်းငွေဖြတ်‌ တောက်ရေးကဆိုသည်။

သွေးစွန်း​ငွေဖြတ်​တောက်​ရေးအဖွဲ့၏ သဝဏ်လွှာ

ရက်ပေါင်း ၁၃၀၀ ပြည့်မြောက်ချိန်တွင် တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ တပ်ခွဲနှင့် ဌာနချုပ်များအပါအဝင် မြို့ပေါင်း ၈၀ ခန့် ကို တော်လှန်ရေးအင်အားစုများဘက်မှ အပြီးတိုင် သိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

ယင်းကဲ့သို့အောင်မြင်မှုရရှိခဲ့ခြင်းသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပမှ တော်လှန်ရေး အင်အားစုများ၊ သပိတ် အင်အားစုများ၊ နိုင်ငံရေး အစုအဖွဲ့များ၊ ရပ်ရွာ အခြေပြုနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ CDM အင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ထောင်တွင်းအကျဉ်းချခံထားရသူများ၊ နွေဦးတော်လှန်ရေးတွင် အသက် ခန္ဓာ နှင့် အိုးအိမ်များ စွန့်လွှတ်ပေးဆပ်သွားကြသော အာဇာနည် သူရဲကောင်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူငယ်များနှင့် ပြည်သူများ၊ အခြေအနေ အရပ်ရပ်ကြောင့် CDM မပြုလုပ်ဘဲ တော်လှန်ရေး အင်အားစုများကို နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးထောက်ပံ့နေသူများ၊ အကြပ်အတည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတကာနှင့် ပြည်တွင်း တဝှမ်းရှိ ပြည်သူတရပ်လုံး၏ ထောက်ပို့မှုများ၊ အလှူရှင်များ အားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သွေးစည်းညီညွတ်မှုများကြောင့် ဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးက ဖော်ပြထားသည်။

“ပြည်သူအားဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါစို့” ဟုတိုက်တွန်းပြီး “သွေးစွန်းငွေကို ဖြတ်တောက်ကြ” “စစ်တပ်ထုတ်ကုန် သပိတ်မှောက်ကြ” “အာဏာရှင်မှန်သမျှ တော်လှန်ကြ”ဟု ယင်းအဖွဲ့က နှိုး​ဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...