Connect with us

Hi, what are you looking for?

သတင်း

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်လာ

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးလာတာကြောင့် မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းမှာ နေကြသူတွေ သတိပြုကြဖို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုးဇလ ဌာနက ဒီမနက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း သံလွင်မြစ်ရေကြီးလာပြီးနောက် ဘားအံမြို့ကိုတွေ့ရပုံ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးလာတာကြောင့် မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းမှာ နေကြသူတွေ သတိပြုကြဖို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုးဇလ ဌာနက ဒီမနက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန်လာပြီး နောက်ရက်မှာလည်း လက်ရှိထက် မြစ်ရေ ပေဝက်ခန့် ထပ်မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘားအံမြို့မှာတော့ မနေ့ သြဂုတ် ၂၆ ရက်ကစတင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာအချို့မှာ သံလွင်မြစ်ရေ ဝင်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ညက ရေတက်လာတယ်၊ အခုရွာထဲကို ရောက်နေပြီ” လို့ သံလွင်မြစ်ကမ်းအနီး နေထိုင်သူ ရွာသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ဘားအံမြို့မှာ သံလွင်မြစ်ရေ နှစ်ကြိမ်ကြီးခဲ့တာကြောင့် ဘားအံ နဲ့ ကမမောင်းမြို့တွေမှာ ဒေသခံတွေ ရေဘေးကို ရက်အတန်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။

ရေဘေးကြောင့် စာသင်ကျောင်းတွေ ပိတ်ခဲ့ရသလို လယ်ကွင်းတွေ ရေမြှုပ်ခဲ့ပြီး စပါးတွေ ၊ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အခုတစ်ကြိမ် သံလွင်မြစ်ရေ ကြီးလာချိန်မှာတော့ ဘားအံမြို့ အနိမ့်ပိုင်းက ရပ်ကွက်တွေနဲ့ရွာတွေက ဒေသခံတွေဟာ အမြင့်ပိုင်းနေရာတွေဆီ ပြောင်းရွှေ့မှုတွေ စတင်နေပြီလို့သိရပါတယ်။

ဇူလိုင်လကုန်ပိုင်းက ကရင်ပြည်နယ်အတွင်း ရက်အတန်ကြာ မိုးကြီးတာ ၊ သံလွင်မြစ် ၊ သောင်ရင်းမြစ် ၊ လှိုင်းဘွဲ့မြစ်နဲ့ ပြည်နယ်ထဲက မြစ်၊ချောင်းတွေ ရေကြီး ခဲ့ပြီးနောက်ဆက်တွဲအနေနဲ့ ဘားအံ၊ မြဝတီ ၊ လှိုင်းဘွဲ့ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

ကယ်ဆယ်ရေးစခန်းတွေဆီ ခိုလှုံရတဲ့ ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီ ရှိခဲ့ပြီး လူ ၆ ဦီးထက်မနည်း ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။