Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးခြင်းအလျဥ်းမပြုရန် နိုင်ငံတကာအား မြန်မာသံအမတ်ကြီး တိုက်တွန်း

စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲခံစားနေရ

ကုလသမဂ္ဂအစည်းအဝေး၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်တပ်မှ​ ကျင်းပရန် စီစဥ်နေသည်ဆိုသော ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးခြင်း အလျဉ်းမပြုရန် နိုင်ငံတကာအသိုက်အဝန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပနေဆဲ အစည်းအဝေးတစ်ခုတွင် မြန်မာသံအမတ်ကြီးက တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံပျက်သုဉ်းနေပြီဖြစ်ကြောင်း အသိပေးပြောကြားသည်။

ကုလသမဂ္ဂအစည်းအဝေး၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

မြန်မာပြည်သူများသည် စစ်တပ်မှကျင်းပမည်ဟု ကြွေးကြော်လျက်ရှိသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည်ဟု မယူဆသကဲ့သို့ ပြဿနာအတွက် အဖြေတစ်ခုအဖြစ်လည်း မရှုမြင်ကြောင်းလည်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ရှင်းပြသည်။ စစ်တပ်၏ ရွေးကောက်ပွဲမှာ ပြည်သူများ၏ ခံစားနေရသည့်ဒုက္ခ ပိုမိုများပြား၍ ရှည်ကြာစေမည်သာ ဖြစ်မည်ဟု သံအမတ်ကြီးက ထပ်လောင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

မျက်မှောက် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သြဂုတ် ၁၆ရက်တွင် ထုတ်ပြန်ရာ၌လည်း အကြမ်းဖက်စစ်အုပ်စုမှ ကြိုးပမ်းနေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပခြင်းသည် အလွန်အမင်းရှုပ်ထွေးသော နိုင်ငံရေး အခြေအနေများသို့ ရောက်ရှိစေမည်ဟု ဖော်ပြထားသည်။ ထိုသို့ဖြစ်ပေါ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စု သာမက အားပေးထောက်ခံခဲ့သော နိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများတွင်ပါ တာဝန်ရှိမည်ဟု NUCC က သတိပေးထုတ်ပြန််ခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိပြီး ၎င်း၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ အကြောင်းချင်းရာ တစ်ခုမဟုတ်တစ်ခုကြောင့် ဒုက္ခဆင်းရဲခံစားနေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။