Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ၌ ဖမ်းဆီးခံ မြန်မာဒုက္ခသည်များ လွတ်မြောက်နိုင်ရေး ဝိုင်းဝန်း အသံထွက် ရပ်တည်ပေးကြရန် India For Myanmar တောင်းဆို

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမှု သုံးရက်မြောက်နေ့အထိ အိန္ဒိယထောင်အာဏာပိုင်များ လာရောက်ညှိနှိုင်းခြင်းမရှိသေး

ပြည်ပအကျဥ်းသူများကိုထား​သော ​ထောင်တွင်းအ​ဆောက်အအုံတစ်ခု။ ဓါတ်ပုံ-The Print

အီယိုရီ/People’s Spring

အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာဒုက္ခသည်များ လွတ်မြောက်နိုင်ရေး ဝိုင်းဝန်း အသံထွက် ရပ်တည်ပေးကြရန် India For Myanmar က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၂၅၀ ဦးခန့်ရှိပြီး ၎င်းတို့မှာ အကျဥ်းထောင်းများအတွင်း တင်းကြပ်သော ထောင်စည်းကမ်းများကို ရင်ဆိုင်နေရသည့်အပြင် လွတ်ရက်နှင့် လွတ်နိုင်မည့် နည်းလမ်းလည်း အတိအကျမသိရှိသဖြင့် မဏိပူရ်အကျဥ်းထောင်ရှိ မြန်မာအမျိုးသား ၅၂ ဦးမှာ အစာငတ်ခံဆန္ဒပြတောင်းဆိုနေကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“ထောင်စည်းကမ်းတွေကလည်း တခြားရာဇဝတ်သားတွေအတိုင်း တင်းတင်းကြပ်ကြပ် ချမှတ်ခံထားရတာဖြစ်တယ်။ အိမ်သာထဲက ရေကို သောက်သုံးနေရတာမျိုး၊ ရေချိုးတာလည်း နှစ်ပတ်တစ်ကြိမ်၊ တစ်ပတ်တစ်ကြိမ်စသဖြင့် ကန့်သတ်ခံနေရတယ်။ မိသားစုနဲ့ ဖုန်းနဲ့ဆက်သွယ်ခွင့် အချိန်ကန့်သတ်တာအပြင် ဖုန်းနဲ့ဆက်သွယ်ဖို့အတွက် ငွေကြေးပေးဆောင်ခိုင်းတာမျိုးဖြစ်နေတယ်။ တခြား ဆေးကုသခွင့် မရရှိတာလည်း ပါဝင်တယ်။ နာတာရှည်ရောဂါရှိတဲ့သူလည်း ဒါဇင်နဲ့ချီ ထောင်ထဲမှာ ရှိနေတယ်” ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုကို (၄) ကြိမ်မြောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု ဆန္ဒပြမှု တတိယနေ့အထိ ရောက်နေပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များမှ လာရောက်ညှိနှိုင်းခြင်း လုံးဝမရှိသောကြောင့် ထောင်အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်နိုင်သည့်အထိ ဆက်လက်ပြီး ဆန္ဒပြတောင်းဆိုသွားမည်ဟု ဆိုသည်။

ထို့အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ၊ အိန္ဒိယပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် မတရားသဖြင့် ထောင်ချခံရကာ နေ့စဉ်ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားကြရသော မြန်မာစစ်ဘေး ဒုက္ခသည်များ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်း အသံထွက် ရပ်တည်ပေးကြရန် India For Myanmar က မေတ္တာရပ်ခံသည်။

တော်လှန်ရေးအင်အားစုများ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ကဲ့သို့သော တော်လှန်ရေးဦးဆောင်အဖွဲ့များအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ ရိုဟင်ဂျာအရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေသကဲ့သို့ ပြည်တွင်း၌ လုံခြုံမှုမရှိ၍ လက်ရှိ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြသူများအရေးကိုလည်း မေ့လျော့မထားသင့်ကြောင်း ဆလိုင်းဒိုခါရ်က တိုက်တွန်းသည်။

“ဒီလိုအလေးထားခြင်းက ပြည်သူကို ဂရုစိုက်ခြင်းတမျိုးဖြစ်တဲ့အတွက် တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက မေ့လျော့သလိုဖြစ်နေတာ၊ ဦးစားပေးကဏ္ဍထဲမှာ မထည့်တာမျိုးဖြစ်နေတဲ့အခါကျတော့ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook