Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာမှာ KNU နဲ့ စစ်ကောင်စီတပ်စစ်ရေးတင်းမာနေ

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

နိုင်ပကောင်း/ People’s Spring

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

မြပတိုင်ကျေးရွာအနီးမှာ မနေ့ သြဂုတ် ၂၈ ရက်ညနေပိုင်း ၃ နာရီခွဲအချိန်က KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြပတိုင်ကျေးရွာ အရှေ့ဘက် မိုင်ဝက်ခန့်အကွာမှာရှိတဲ့ ရင်ကွဲတောင်စခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် နဲ့ KNU တပ်တို့ ထိပ်တိုက်တွေ့ရင်းတိုက်ပွဲဖြစ်တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင် စခန်းဟာ နဘူး – မြပတိုင် – တံတားကျိုး လမ်းပိုင်းပေါ်မှာရှိပြီး အဲဒီတပ်စခန်းရဲ့အနီးတဝိုက် နေရာတွေကို နယ်မြေစိုးမိုးဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာလို့ သိရပါတယ်။

မနေ့ညပိုင်း တိုက်ပွဲတွေကြောင့် မြပတိုင်ရွာက ဒေသခံရွာသူရွာသားတွေ ထွက်ပြေးနေရပြီး လတ်တလောအခြေအနေ အရ စစ်ရေးတင်းမာနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပြပါတယ်။

၂၀၁၄ ခုနှစ် သန်းကောင်စာရင်းအရ မြပတိုင်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော် နေထိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း ရင်ကွဲတောင်နဲ့ မြပတိုင်ရွာ ဘက်မှာတိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရဖူးပါတယ်။

အဲဒီနောက်ပိုင်း စစ်ရေး အခြေအနေ ပြန်လည်တည်ငြိမ်သွား လို့ ဒေသခံတွေ ရွာမှာပြန်လည်ဝင်ရောက်နေထိုင်မှာ တကျော့ပြန် တိုက်ပွဲနဲ့ကြုံရတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook