Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ရိုးတလျှောက် စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို စစ်ကောင်စီတပ်လမ်းပြခိုင်း

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း(ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့ စက်တင်ဘာလ ၃ ရက်မှာပဲ မန္တလေးမြို့နဲ့ ၅ မိုင်ခန့်အကွာက ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တာပါ။

Public Service Announcement

Public Service Announcement

နန်းတွင်းဆီ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့နေရာဟာ ဧရာဝတီမြစ်ရိုးက ရွာတွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ယူဆထားတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်ကစတင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းထဲက အာလောင် ၊ နန်းတော်ကျွန်း ၊ ဉဒေါင်း ၊ သပြေသာ ၊ ပုဂံတပ် ၊ သမင်ခြံတောင်/မြောက်၊ စွန်းလွန်းရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေတာလို့်သိရပါတယ်။

” သူတို့ရွာစဥ်ပတ်နေတာ၊ ဒေသခံတွေကိုဖမ်းပြီး သူတို့သွားမယ့်လမ်းရဲ့ ရှေ့ကနေ လမ်းပြအနေနဲ့လျှောက်ခိုင်း လမ်းတဝက်လောက်မှပြန်လွှတ်ပေးတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၄၀ ခန့်ပါပြီး အာလောင်နဲ့ နန်းတော်ကျွန်းကျေးရွာကြားရှိ စွန်းလွန်းကျေးရွာမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်အထိ စစ်ကြောင်းထိုးနေဆဲ ဖြစ်ပြီး ဒေသခံတွေကို စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အချို့မှာတော့ ရှော့တိုက်ဒုံးပစ်ခတ်မှုမှာပါဝင်သူအချို့ကို ဖမ်းမိထားတယ်လို့ ဝါဒဖြန့်နေကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။