Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ရိုးတလျှောက် စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို စစ်ကောင်စီတပ်လမ်းပြခိုင်း

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း(ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့ စက်တင်ဘာလ ၃ ရက်မှာပဲ မန္တလေးမြို့နဲ့ ၅ မိုင်ခန့်အကွာက ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တာပါ။

Public Service Announcement

Public Service Announcement

နန်းတွင်းဆီ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့နေရာဟာ ဧရာဝတီမြစ်ရိုးက ရွာတွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ယူဆထားတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်ကစတင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းထဲက အာလောင် ၊ နန်းတော်ကျွန်း ၊ ဉဒေါင်း ၊ သပြေသာ ၊ ပုဂံတပ် ၊ သမင်ခြံတောင်/မြောက်၊ စွန်းလွန်းရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေတာလို့်သိရပါတယ်။

” သူတို့ရွာစဥ်ပတ်နေတာ၊ ဒေသခံတွေကိုဖမ်းပြီး သူတို့သွားမယ့်လမ်းရဲ့ ရှေ့ကနေ လမ်းပြအနေနဲ့လျှောက်ခိုင်း လမ်းတဝက်လောက်မှပြန်လွှတ်ပေးတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၄၀ ခန့်ပါပြီး အာလောင်နဲ့ နန်းတော်ကျွန်းကျေးရွာကြားရှိ စွန်းလွန်းကျေးရွာမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်အထိ စစ်ကြောင်းထိုးနေဆဲ ဖြစ်ပြီး ဒေသခံတွေကို စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အချို့မှာတော့ ရှော့တိုက်ဒုံးပစ်ခတ်မှုမှာပါဝင်သူအချို့ကို ဖမ်းမိထားတယ်လို့ ဝါဒဖြန့်နေကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။