Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့် ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးသူဦးရေအနည်းဆုံး ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများက ပြောသည်။

ကလောမြို့ ရေကြီးနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ - Sai Lukhay/FB

မိထက်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးသူဦးရေအနည်းဆုံး ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများက ပြောသည်။

တောင်ပေါ်မြိုများဖြစ်သည် အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာ ၁၀ရက်ကစ၍ နေရာကွက်မိုးကြီးပြီးနောက် စက်တင်ဘာ ၁၁ရက်နံနက်ကစ၍ တောင်ကျရေဆင်းကာ ဆိုးရွားသည့် ‌ရေဘေးကြုံရခြင်းဟု ဒေသခံများက ပြောသည်။

” တိုက်တွေပြိုတယ်။ အိမ်တွေ အလုံးလိုက်မျောတယ်။သေတာအခုအထိ သိရ‌သလောက် ၁၂၀ ထက် မနည်းဘူး။ ပျောက်နေသူတွေလည်း များတယ်”ဟု အောင်ပန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကလောမြို့ရေဘေးတွင်လည်း အပျက်အစီးအလွန်များပြားပြီး မြို့အဝင်နေရာနှင့် ရပ်ကွက် (၂၊၃၊၄)တို့၌ အလွန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

” ရေဘေးဒုက္ခသည်တွေ အများကြီးပဲ။ ဘုန်းကြီးကျောင်းမှာ။ ကိုယ့်မြို့သူ၊မြို့သားအချင်းချင်းပဲ ဝိုင်းကူနေရတာဗျာ။ ဖုန်းလိုင်းက မရတချက်၊ ရတချက်။ မီးပြတ်တာ ၂ရက်ရှိပြီ။ ဖုန်းတွေ စက်ပိတ်ကုန်တယ်”ဟု ကလောမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေဘေးစတင်ကြုံတွေ့ခဲ့သည့် စက်တင်ဘာ ၁၁ရက်ကစ၍ ကလော၊ ပင်လောင်း၊ အောင်ပန်း၊ ဟိုပုံးမြို့တို့၌ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်သွားပြီး ကျန်မြို့များလည်း ဆက်သွယ်ရေးခက်ခဲနေဆဲ ဖြစ်သည်။

ယ‌နေ့(စက်တင်ဘာ ၁၃ရက်)တွင် ဖုန်းလိုင်းစတင်မိလာပြီးနောက် ပျက်စီးဆုံးရှုံးမှုသတင်း စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုသည် မှန်းဆ၍မရအောင် ဆိုးရွားသည်ဟု ဒေသခံအချို့က ပြောသည်။

တောင်ကျရေများ ကျသွားပြီဖြစ်သော်လည်း မိုးဆက်ရွာနေကြောင်း သတင်းရရှိသည်။ သေဆုံးသူများ၊ ပျောက်ဆုံးနေသူများကို လူမှုကူညီရေးအဖွဲ့များက ရှာဖွေနေပြီး စစ်ကောင်စီသည် ရေဘေးအားကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိဟု ကလောမြို့ခံအချို့က ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းYAGIမှ အကြွင်းအကျန်တိမ်တိုက်များဝင်ရောက်နေစဉ် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သောရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်တင်ဘာလ ၁၀ရက်မှစ၍ စံချိန်တင်ရေကြီးခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့တို့၌လည်း ရေဘေးကြုံနေသည်။

လတ်တလော ရာသီဥတုအခြေအနေအရမကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန (MOHADM)က သတိပေးထားသည်။

လက်ရှိတွင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်တို့၌ ဆိုးရွားသည့်ရေပြီးကြုံတွေ့နေသော်လည်း စစ်ကောင်စီသည် ထိရောက်သည့်ကယ်ဆယ်ရေးလုပ်ဆောင်မှုမတွေ့ရသေးပေ။ မြို့နယ်အချို့တွင် လူမှုကူညီအရပ်ဘက်အဖွဲ့အစည်းများကို စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်းလည်း သတင်းထွက်‌ပေါ်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ