Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် ဆက်လက်ခန့်အပ်ရေး နယူးယောက်မြို့ရှိ မြန်မာများ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၂) ကျင်းပခဲ့သည်။

ဓာတ်ပုံ- Kyaw Soe Latt

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၂) ကျင်းပခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို NYCBCအဖွဲ့မှ ဦးဆောင်ကာ Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmars Voice ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ကျန်းမာရေး၀န်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့မှ အမှာစကားပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပွဲကျင်းပရေး တာဝန်ရှိသူတို့မှ Global Action for Credential Campaign 2024 အကြောင်းရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပြည်နယ် အသီးသီး၊အဖွဲ့အစည်းအသီးသီးရှိကိုယ်စားလှယ်တို့မှ Campaign နှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက် တင်ပြဆွေးနွေးခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း NYCBC က ဖော်ပြခဲ့သည်။

ဆန္ဒပြ​မြန်မာနိုင်ငံသားများက ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့ လုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ဖယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီပေးကြရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာအမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။