Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ရေဘေးကူညီမှုများ စစ်ကောင်စီထိန်းချုပ်ထားဟု ဒေသခံများနှင့်ကူညီရေးဆောင်ရွက်နေသူများ ပြော

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရေဘေး ကူညီထောက်ပံ့သည့် ပစ္စည်းများကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် ကူညီရေးဆောင်ရွက်နေသူများက ပြောသည်။

လွိုင်ကော်မြို့လယ်ရှိ နှစ်ထပ်ဈေးတံတားပေါ် ရေလျှံနေသည်ကို စက်တင်ဘာလ ၂၂ ရက်က တွေ့ရစဉ်။ဓါတ်ပုံ- CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရေဘေး ကူညီထောက်ပံ့သည့် ပစ္စည်းများကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် ကူညီရေးဆောင်ရွက်နေသူများက ပြောသည်။

ရက်သတ္တပတ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်သည့် လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်အတွင်း တစ်နိုင်တစ်ပိုင်ပရဟိတထောက်ပံ့မှုအများစုဖြင့် ရေဘေးရှောင်ပြည်သူများကို ကူညီနေရသည်ဟု ၎င်းတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

” လွိုင်ကော်အခွန်ရုံးမှာ ထောက်ပံ့ရေးပစ္စည်း တွေအကုန်လုံးကို လက်ခံတယ်။အဲဒါကို စကစ ဘက်က ထိန်းချုပ်ထားတာပေါ့။လာလှူတဲ့သူတိုင်းက သူတို့အလိုကျ ပေးလို့မရဘူး။စကစ က ပဲ ပြန်ပြီးခွဲတမ်းချတာ။ သူတို့နဲ့နီးစပ်တဲ့သူတွေလောက်ပဲ ရိက္ခာများများစားစားရနေတာ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ရေကြီး၊မြေပြိုမှု များအတွက် စစ်ကောင်စီ၏ ကူညီမှုမရှိသေးဘဲ က ရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ နှင့် ပြည်နယ်အတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊တစ်သီးပုဂ္ဂလ ထောက်ပံ့မှုများဖြင့်သာ ကူညီနေရကြောင်းလည်း ရေဘေးကူညီနေသူတစ်ဦးက အသိပေးသည်။

“အခု ခိုင်နှင်းဝေတို့ ​ဝေဋ္ဌုကျော်တို့လာတာလည်း အပြကောင်းအောင် သူတို့(စစ်ကောင်စီ)လူလောက်နဲ့ မြို့ပေါ်က ရပ်ကွက်အချို့လောက်ပဲ လိုက်ပြတာပါ။တကယ်တမ်း လိုအပ်ချက်တွေများတဲ့ တောထဲရှောင်နေရတဲ့ ရေဘေးဒုက္ခသည် တွေဆီ မရောက်ပါဘူး”ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၄ ရက်ကစ၍ ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့တွင်း မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ မှုံပြာ ၊ ဒေါဥခူ ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ်နှင့် မိုင်းလုံးအောက်ပိုင်း စသည့် ရပ်ကွက်များ အပါအဝင် မြို့အနီးပတ်ဝန်းကျင်ရှိကျေးရွာများအတွင်း နေအိမ်နစ်မြှုပ်မှုများရှိနေသည်။

လွိုင်ကော်၊ဖယ်ခုံ၊ဒီးမော့ဆို၊ဖရူဆို နှင့်ရှားတောမြို့နယ်တို့တွင် ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အများစုတွင် ရေကြီးနေသော်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးနေမှုများကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။