Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က သတိပေး

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က ယနေ့(အောက်တိုဘာ ၂ရက်)တွင် သတိပေးသည်။

စစ်​ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်သားများ၊ရဲများ၊ပျူ​စောထီးများပါ​ခေါ်လာ​ကြောင်း​ဒေသအချို့မှပြည်သူများက​ပြောသည်။ ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က ယနေ့(အောက်တိုဘာ ၂ရက်)တွင် သတိပေးသည်။

အာဏာသိမ်း စစ်ကောင်စီသည် စက်တင်ဘာ ၃၀ရက်ကတည်းက ဘုန်းကြီးကျောင်းအချို့တွင် သံဃာတော်များကို သန်းခေါင်စာရင်း ကောက်ယူနေပြီး မြို့နယ်အလိုက်ကောက်ယူသွားရန် စီစဉ် နေသည်ဟု သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ ရက်ကလည်း ဘုန်းတော်ကြီးကျောင်းများ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်နေသော လူပုဂ္ဂိုလ်များကို စာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့် ထိုသို့စာရင်းကောက်ယူရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းထိုင်ဆရာတော်များက ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အစည်း(မဟန)က မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် စာထုတ်ညွှန်ကြားသည်ကို ထပ်မံ တွေ့ရှိရကြောင်း၊အဆိုပါ မဟနအဖွဲ့အစည်း၏ စစ်ကောင်စီအလိုကျအတိုင်း စာထုတ်ညွှန်ကြားချက် အပေါ် သံဃသမဂ္ဂ(မန္တလေး)က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထပ်မံ အသိပေးသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်းကြေညာပြီးနောက် နိုင်ငံတဝှမ်း အဓမ္မနည်းလမ်းများကို အသုံးပြု၍ ပေါ်တာဆွဲမှုများ၊ စစ်သင်တန်းပေးမှုများ၊ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်မှုများပြုလုပ်ကာ ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများ၏ လူသား အရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများစွာရှိကြောင်း သိရှိထားရသည်ဟု သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟနအဖွဲ့၏ ထုတ်ပြန်သည့် ညွှန်ကြားချက်ပါ အကြောင်းအရာများအား ဓမ္မကို မြတ်နိုးတန်ဖိုးထားတော်မူကြသော ဆရာတော်၊ သံဃာတော်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန် လိုအပ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်ကစ၍ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးထားသည်။ သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားရသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

သတင်း

ပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ကောင်စီအုပ်ကြီး အောင်ဇော်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ကျပ် ၅,၇၀၀တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ဖီဆန်၍ အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေးအတွက် အရှိန်မြှင့်ပါဝင်ပေးရန် GSCB ကတောင်းဆိုထားသည်။