Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတွင် သန်းခေါင်စာရင်းကောက်ရန် ရပ်ကွက်အတွင်းအော်နေသည့်အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ကောင်စီအုပ်ကြီး အောင်ဇော်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ကျပ် ၅,၇၀၀တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

(အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်နှင့် သိမ်းရသော လက်ပစ်ဗုံး)
(အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်နှင့် သိမ်းရသော လက်ပစ်ဗုံး)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဥ်အား ရပ်ကွက်အတွင်းလိုက်လံအော်နေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်(ခ)ဇော်ထွန်းအား အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီး လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်နှင့် သိမ်းရသော လက်ပစ်ဗုံး)
(အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်နှင့် သိမ်းရသော လက်ပစ်ဗုံး)

“စာရင်းကောက်ဖို့ကျန်နေသေးတဲ့နေရာတွေကို လိုက်ကောက်ဖို့ သူက လိုက်အော်နေတာ။ အဲဒီတာဆုံနားက ရဲကင်းအဝင်လမ်းကြားလေးထဲမှာပေါ့။ သူတစ်ယောက်ထဲ အော်နေတဲ့အချိန်မှာ ကျနော်တို့ရဲဘော်က အနားကပ်ပြီး သေနတ်နဲ့တချက်ပဲပစ်လိုက်တာ။ ဘေး တိုက်အနေအထားမှာ ခေါင်းကျည်ထိပြီး နေ ရာတင်သေသွားတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ကောင်စီအုပ်ကြီး အောင်ဇော်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ကျပ် ၅,၇၀၀တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ အုပ်ကြီးအောင်ဇော်နှင့်စပ်လျဥ်း၍ ၎င်းသည်စစ်ကောင်စီနှင့်ပေါင်းကာ ပြည်သူအပေါ်အမျိုးမျိုး ခြိမ်းခြောက်ဒုက္ခပေးနေခြင်းကြောင့် ဒေသခံပြည်သူလူထုက တော်လှန်ရေးတပ်ဖွဲ့များထံ တိုင်ကြားထား သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ၎င်းအားစောင့်ကြည့်လာခဲ့ရာ ပြုပြင်ပြောင်းလဲခြင်းမရှိသောကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်မှုထမ်းရန် အတင်းအကြပ်လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထပ်မံသတိပေးထားသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အုတ်ဖိုတာဆုံအနီးရဲကင်းမှ စစ်ကောင်စီလက်အောက်ခံရဲများအား တာဝန်ပေါ့လျော့သည်ဆိုကာ နယ်ပြောင်းခံရမည့်သတင်းများထွက်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook