Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူသည့်အဖွဲ့နှင့် စစ်တပ်အထိုင်စခန်းအချို့ကို PDFများ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ဒရုန်းစစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁ ရက်က ပုလောမြို့ပေါ် ရပ်ကွက်များသို့ သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးချထားသည့် အဖွဲ့နှင့် ခလရ(၂၅၈)အနီး အော်သာယာစခန်းကုန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်များကို နှစ်နေရာခွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သန်းခေါင်စာရင်း ကောက်နေတဲ့ စခတွေကို Drop Bomb ချတာက တစ်ခု။ မြို့အပြင် ဘက်က ​ခလရ (၂၈၅)အနီးက ဆက်သွယ်ရေးတာဝါတိုင်ကုန်းကို အင်အားလာဖြည့်တဲ့ စခတွေကို တိုက်ခိုက်တာက တစ်ခုပေါ့”ဟု ပုလောမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများတွင် ခလရ(၂၈၅)တပ်ရင်းအနီးရှိ အော်သာယာဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်သားများအား တာဝေးဒရုန်းများဖြင့် Drop Bomb (၆)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ထပ်မံ၍အင်းအားဖြည့်တင်းလာသော စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော အထက်ပါ စစ်ကောင်စီတပ်စခန်းများသည် ပုလောမြို့အနီးရှိစခန်းတစ်ခုပါဝင်ပြီး အမှတ်(၈)ပြည် ထောင်စုလမ်းမကြီးပေါ်၌ အထိုင်ချထားသော စခန်းများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ