Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလေကြောင်း ထပ်မံ တိုက်ခိုက်၍ သားအမိနှစ်ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက်ဘမွန်းလွဲပိုင်းတွင် စစ်ကောင်စီ​၏ တိုက်လေယာဉ်သည် ဖာပွန်ခရိုင် ဘူးသို မြို့နယ် မယ်ကလောကျေးရွာအုပ်စု ဒေလော်ပူရွာအတွင်း ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် အသက် (၂၅)နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ (၃)နှစ်အရွယ် သမီးငယ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု KNU တပ်မဟာ(၅)က အသိပေးသည်။ ထို့ပြင် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ၂ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်(၅၀)နှစ်အရွယ် ကလေး(၆)ယောက်​၏ မိခင်တစ်ဦး သေဆုံးခဲ့ရဟု KNUက အသိပေးထားသည်။

ဖာပွန်ခရိုင်တွင် စက်တင်ဘာ ၃၀ရက်က စစ်ကောင်စီ၏စစ်ကြောင်းတစ်ခုကို တပ်မဟာ(၅) ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် အရာရှိအပါအဝင် ၃၀ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

စက်တင်ဘာ ၃၀ရက်က ဖာပွန်ခရိုင် စောမူပလောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ အလက် ၃၀ ကျော် ကိုလည်း KNU တပ်မဟာ(၅) တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook