Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်၊ ​မြောက်ကျီရွာမှပြည်သူ အချို့ကို စစ်ကောင်စီစစ်​ကြောင်း ထပ်မံဖမ်းဆီးသတ်ဖြတ်

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကမြောက်ကျီရွာမှ ဒေသခံ ပြည်သူအချို့အားထပ်မံဖမ်းဆီးသတ်ဖြတ်သွားကြောင်းသတင်းရရှိသည်။

ဒေသတစ်ခုတွင် စစ်​ကြောင်းထိုး​နေ​သောစစ်သားများ(ပုံ​ဟောင်းဖြစ်ပါသည်) ။ ။ဓါတ်ပုံ-CJ

လူအေး/People’s Spring

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကမြောက်ကျီရွာမှ ဒေသခံ ပြည်သူအချို့အားထပ်မံဖမ်းဆီးသတ်ဖြတ်သွားကြောင်းသတင်းရရှိသည်။

မုံရွာမြို့အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ​အောက်တိုဘာလဆန်းတွင်ထွက်လာ​သောစစ်တပ်စစ်​ကြောင်းသည် အောက်တိုဘာ ၁၃ ရက် မနက်အစောပိုင်းတွင် မြောက်ကျီကျေးရွာကို ဝင်ရောက်ပြီး အသက် ၃၀ ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၂ ရက် နံနက်အ စောပိုင်းကလည်း ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်းတိုက်ခိုက်ကာ ကလေးငယ်သုံးဦးအပါအဝင် ၆ဦးရှိ​သောမိသားစုတစ်စုလုံးနှင့်အခြားပြည်သူနှစ်ဦး စုစု​ပေါင်း ပြည်သူရှစ်ဦးကိုသတ်ဖြတ်သွားခဲ့သည်။

မုံရွာခရိုင်တပ်ရင်း (၂၀ ) BOBမှ တာဝန်ရှိသူက”လက်ရှိ ဘုတလင်မြို့ပေါ်က စခ တွေ က မြို့နဲ့ ၃ မိုင်အကွာ တတ်လှိုင်း ရွာ မှာ တပ်စွဲထားပါတယ်။ လွန်ခဲ့တဲ့ ၁ ရက် ကလဲ ဘုတလင်မြို့ပေါ်က ပြည်သူ မိသားစု တစ်စု ကို အကြောင်းမဲ့ သတ်ဖြတ်သွားပါတယ် ၅ နှစ်အရွယ် ကလေးပါ သတ်ခံရတဲ့ထဲပါတယ်လို့ သတင်းရပါတယ်”ဟု ​အောက်တိုဘာ ၁၃ ရက်ည​နေပိုင်းတွင်​ပြောသည်။

​မြောက်ကျီရွာမှ ပြည်သူ ၂ ဦးထပ်မံသတ်ဖြတ်ခံရသည်ဟုသတင်းရရှိပြီး ​အသတ်ခံရသူများ၏ အချက်အလက်များကို အ​သေးစိပ် မသိရ​သေး​ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၀) မှတာဝန်ရှိသူကဆက်​ပြောသည်။

“အင်အားသုံးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တယ်ဗျ။ သတိပေးမှုတွေ ဆက်တိုက်လုပ်နေပေမယ့် ဒေသခံတချို့ ပိတ်မိသွားတဲ့အနေအထားပါ” ဟု ဘုတလင်မြို့မှ ဒေသခံတဦးကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာ နမခမှ အောက်တိုဘာလ လဆန်းတွင် ထွက်ခွာလာပြီး အင်အား ၃၀၀ ခန့်ပါသည်။ ဘုတလင်မြို့သို့ ရောက်ရှိလာပြီး​ရောက်စစ်​ကြောင်းထိုးကာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက် ​နေခြင်းဖြစ်သည်။​ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကတိုက်ခိုက် နေသော်လည်း ပြောက်ကျားစနစ်ဖြင့်သာတိုက်ခိုက်​​နေ၍ ထိရောက်မှုအားမကောင်း​သေးကြောင်း ​ဒေသခံတဦးကပြောသည်။

ဘုတလင်မြို့နယ် ကျောက်အိုးရွာအနီးတွင်အောက်တိုဘာလ၁၀ရက်‌ နေ့လယ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့သည်။ သေဆုံးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နေအိမ်တစ်အိမ်ပေါ်တင်၍ မီးရှို့သွားရာ ဒေသခံပြည်သူများ၏အိမ်သုံးလုံးပျက်စီးခဲ့ကြောင်း ပအဖ တဦးကပြောသည်။

ဘုတလင်မြို့တွင်စက်တင်ဘာလ ၃၀ရက်နေ့က အင်အား ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးနှစ်ဦးအပါအဝင်စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိပြီး ၃၃ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုး အကြမ်းဖက်​နေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းကသတ်ဖြတ်၍ သေဆုံးသူသည် သုံးရက်အတွင်း ​ဒေသခံပြည်သူ ၁၅ဦးအထိ ရှိလာပြီဖြစ်သည်။

လက်ရှိတွင် ဘုတလင်မြို့ပေါ်ရပ်ကွက်များအပြင် ဘေးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများစုစု​ပေါင်း ရှစ်​သောင်းခန့်သည် ဘေးလွတ်မည်ထင်ရာသို့ထွက်ပြေးတိမ်း​ရှောင်နေကြရ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ ကာကွယ်‌ရေးအဖွဲ့ကနေ ရပ်/ရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဥ် (၁) မွမ်းမံသင်တန်းပေးခဲ့ရာ သင်တန်းသား ၁၅၀ တက်ရောက်ခဲ့တယ်လို့ ဘုတလင်ကပဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။