Connect with us

Hi, what are you looking for?

သတင်း

ထောက်ကြန့်ရှိ ခမရ(၁၀၆)တပ်ရင်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် လှော်ကားလမ်းဆုံ အနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၆) တပ်ရင်းအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadowတာဝန်ခံ ရဲဘော်အရိပ်ကပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် လှော်ကားလမ်းဆုံ အနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၆) တပ်ရင်းအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadowတာဝန်ခံ ရဲဘော်အရိပ်ကပြောသည်။

အောက်တိုဘာ ၁၆ ရက် ညနေ ၆နာရီခွဲခန့်တွင် ‌ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်၍ အတိအကျမသိရသေးကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြေပြင်သတင်းများကိုဖော်ပြပေးနေသည့် Rangoon Scout Network-RSNက အောက်တိုဘာ ၁၆ရက်ညတွင် ထောက်ကြန့်ဘက်၌ ပေါက်ကွဲသံကြားရကြောင်း အသိပေးထားသည်။

စစ်ကောင်စီလက်အောက်ခံများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး အခြားပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ရဲဘော်အရိပ်က ပြောသည်။

“မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရခ၊ စခနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု Dark Shadow ကထုတ်ပြန်ထားသည်။

Dark Shadow အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီ၏ မှော်ဘီလေတပ်ကို ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း ပြင်ဆင်နေသည့် အချိန်၌ ရဲဘော်နှစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ရန်ကုန် UG အဖွဲ့အနေနဲ့ ရှေ့မှာရဲဘော်ညီကိုတွေနဲ့ ပစ္စည်းများစွာဖမ်းစီးဆုံးရှုံးခံလိုက်ရတာတွေအများကြီးရှိခဲ့ပါတယ်။ဆုံးရှုံးမှုတွေအခက်ခဲတွေကြားက နေရပ်တန့်လိုက်ရမယ့်အစား မြို့ပြမှာ လုပ်နိုင်တဲ့အားနဲ့တော့ရပ်တည်ချင်ပါသေးတယ်။ ခုချိန်ထိမြို့ပြရပ်တည်ရေးအတွက်ကူညီပေးကျတဲ့ အကိုအမတွေကိုလည်းစိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ခဏခဏလေးအကူညီတောင်းရတာခုချိန်အားနာရသလို ထပ်လည်းအပူမကပ်ချင်တော့ဘူးရယ်။ ကျနော်တို့ UG အဖွဲ့အနေနဲ့ မြို့ပြရပ်တည်ဖို့နဲ့ Missions တွေအရင်လိုပြန်ကလာနိုင်ပြီး ဘေးကင်းဖို့ လိုအပ်တဲ့ပစည်းတွေဖြည့်တင်းနိုင်ဖို့လေး အကူညီများစွာလိုအပ်ပါသေးတယ်။ အဲ့ကြောင့် မုန်ဖို့ပေးခဲ့ရင် လိုအပ်တာလေးတွေပြန်ဖြည့်ရင်း မကြာခင်ပွဲတွေ ပြန်ကချင်ပါသေးတယ်။”ဟု ရဲဘော်အရိပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊မြို့မရဲစခန်းကိုအဝေးထိန်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ သန်လျင်တံတားအဆင်းရှိ ပြည် သူများထံ ငွေကြေးကောက်ခံနေသည့် စစ် ကောင်စီတပ်ဖွဲ့ ဝင်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့တာဝန်ရှိသူက ပြောသည်။