Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ပျူစောထီးရွာများထံ ရိက္ခာပို့သည့်ကားနှစ်စီးအား PDFများ ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာများထံ ရိက္ခာပို့သည့်ကားနှစ်စီးအား ဖမ်းဆီးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အနောက်ပိုင်းဇုန်)၏ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ပြောသည်။

ဖမ်းဆီးရမိသော ရိက္ခာကားနှစ်စီးနှင့် ကားပေါ်ပါသူများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်အနောက်ပိုင်းဇုန်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာများထံ ရိက္ခာပို့သည့်ကားနှစ်စီးအား ဖမ်းဆီးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အနောက်ပိုင်းဇုန်)၏ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ပြောသည်။

ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ်သည် ပျူစောထီးရွာများထံ ရိက္ခာပို့ရန် ပြည်သူများ​၏ ကားများအား ချောဆွဲထားကြောင်း သတင်းရ၍ ကာကွယ်ရေးအဖွဲ့များက သွားရောက်စောင့်ဆိုင်းခဲ့သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၉ရက်က မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးကျေးရွာသို့ ရိက္ခာပို့မည့် Llight Truck ကားနှစ်စီးကို ကားသမားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အနောက်ပိုင်းဇုန်)၏ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လူတွေကိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်ပါတယ်။ကားတွေကိုတော့ ခုချိန်မှာ ထိမ်းထားပါသေးတယ်။ နောက်တော့ ပြန်ပေးမှာပါ”ဟု ၎င်းက ပြောသည်။

ရိက္ခာကားပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးအား ပြန်လွှတ်ပေးခဲ့ပြီး ဆန်အိတ်အလုံး ၅၀ လုံး၊ ဆား တစ်အိတ်တို့အား သိမ်းယူထားကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အနောက်ပိုင်းဇုန်)က အသိပေးသည်။

အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးရွာကို စစ်ကောင်စီတပ်က Y8 လေယာဥ်ဖြင့် ရိက္ခာထုပ်များ ချထားပေးခဲ့ရာ အဆိုပါရိက္ခာထုပ် များအား ကာကွယ်ရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပျူစောထီးရွာများအား ကာကွယ်ရေးအဖွဲ့များက လမ်းကြောင်း ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ထား၍ စစ်ကောင်စီက လေကြောင်းမှ ရိက္ခါထုပ်များချပေးခြင်း၊ ပြည်သူ့ကားများဖြင့် ချောဆွဲ၍ ပို့ဆောင်ခြင်းများ ပြုလုပ်နေရသည်။

သို့သော် ရိက္ခာပြတ်တောက်မှုများကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပျူစောထီးရွာများမှ ရွာသူ၊ရွာသားများ ကာကွယ်ရေးအဖွဲ့များထံ ထောင်ချီ လာရောက်အလင်းဝင်ခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။