Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်နေဟု မန္တလေး PDF ပြော

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

စဥ့်ကူးနှင့်သပိတ်ကျင်းဒေသခံများနှင့် မန္တလေး PDFရဲဘော်များ တွေ့ဆုံနေစဥ်။ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၎င်းတို့ သိမ်းပိုက်ထားသည့် စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့ရှိ ပြည်သူများနှင့် သွားရောက်တွေ့​ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအား လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းစဥ်များ ရှင်းလင်းခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများအား မျှဝေခြင်း၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီသိမ်းယူထားတဲ့နယ်မြေတွေမှာ ဒေသတည်ငြိမ်ရေး နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို အကောင်အထည်ဖော်တာတွေ ရှိနေပါပြီ။ ကျွန်တော်တို့တဆင့်ချင်း လုပ်ဆောင်နေပါတယ်။”ဟု ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များသည် စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ဇူလိုင် ၁၇ ရက်တွင်လည်းကောင်း၊ သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင်လည်းကောင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာ‌တွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။