Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးကို အကြောင်းပြုပြီး စူပါပါဝါ နိုင်ငံတွေက အမြတ်ထုတ်လာမှာကို ကမ္ဘောဒီးယား သတိပေး

လက်ရှိ ကြုံတွေ့နေတဲ့ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေဟာ စူပါပါဝါ နိုင်ငံကြီးတွေက အမြတ်ထုတ်လာနိုင်တဲ့ ယိုပေါက်မျိုး ဖြစ်လာမှာကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အသိုက်အဝန်း တစ်ခုလုံးက မလိုလားကြောင်း ကမ္ဘောဒီးယား လွှတ်တော်ထိပ်တန်း အရာရှိက ပြောကြားလိုက်ပါတယ်။

ဖနွမ်းပင်​လေဆိပ်က သတင်း​​စာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယားအမျိုးသားညီလာခံရဲ့ဒုတိယ အတွင်းရေးမှူးချုပ် ချာဟန် ဗန်နာရစ်သ်(ညာဘက်မှလည်စီးမပါ)ကို​တွေ့ရစဥ်။ဓါတ်ပုံ-Khmer Tmes

လက်ရှိ ကြုံတွေ့နေတဲ့ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေဟာ စူပါပါဝါ နိုင်ငံကြီးတွေက အမြတ်ထုတ်လာနိုင်တဲ့ ယိုပေါက်မျိုး ဖြစ်လာမှာကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အသိုက်အဝန်း တစ်ခုလုံးက မလိုလားကြောင်း ကမ္ဘောဒီးယား လွှတ်တော်ထိပ်တန်း အရာရှိက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားအမျိုးသားညီလာခံရဲ့ဒုတိယ အတွင်းရေးမှူးချုပ် ချာဟန် ဗန်နာရစ်သ်က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ အာဆီယံ လွှတ်တော်များဆိုင်ရာ နှီးနှောဆွေးနွေးပွဲ (AIPA)ကို တက်ရောက်ပြီးအပြန် ဖနွမ်ပင်မြို့ နိုင်ငံတကာ လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ AIPAကို အောက်တိုဘာ ၁၈ ရက်ကနေ ၂၄ ရက်နေ့ထိ ကျင်းပခဲ့တာပါ။

ဗန်နာရစ်သ်က မြန်မာ့အကျပ်အတည်းဟာ ပြည်ပ စွက်ဖက်မှုတွေ စိမ့်ဝင်လာနိုင်စေဖို့ အခွင့်အလမ်းကောင်း တစ်ခုလိုမျိုး ဖြစ်သွားစေမှာကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံး စိုးရိမ်နေတယ်လို့ ပြောပါတယ်။ AIPAမှာ အာဆီယံဟာ မြန်မာဖက်က ကိုယ်စားလှယ်ကို လေ့လာသူ အဖြစ်သာ ဖိတ်

ကြားခဲ့ပြီး ဝင်ရောက်ဆွေးနွေးခွင့် မပြုခဲ့ပါဘူး။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာလည်း အစိုးရသစ် အပြောင်းအလဲ ဖြစ်နေပြီး လွှတ်တော်သစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုတွေကြောင့် အစည်းအဝေး မတက်နိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ အခင်းအကျင်းမှာ စူပါပါဝါ နိုင်ငံကြီးတွေကြား အားပြိုင်မှုတွေဟာ ပိုပြီး ရှုပ်ထွေးသလို မာယာများလာနေကြောင်း၊ အာဆီယံဟာ အဲဒီ အခြေအနေတွေမှာ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေနဲ့ ညီညွတ်စွာ လိုက်လျောညီထွေ ဖြတ်သန်းနိုင်စွမ်းမျိုး ရှိနေဖို့ လိုကြောင်း ဗန်နာရစ်သ်က သတိပေးခဲ့ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေမှာ နိုင်ငံငယ်လေးတွေဟာ ကြားညပ်ပြီး အထိနာနိုင်ကြောင်း၊ ဒီအခြေအနေကို တန်ပြန်ဖို့အတွက် အာဆီယံ အစုအဖွဲ့ကြားမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ စည်းလုံးညီညွတ်စွာ ရပ်တည်နေဖို့လိုကြောင်းလည်း သူက ဆက်ပြောခဲ့ပါတယ်။

AIPAမှာတော့ ကမ္ဘောဒီးယား အမျိုးသား ညီလာခံ ဥက္ကဋ္ဌဖြစ်သူ ခွန်ဆူဒါရီက မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး အကောင်အထည် ဖော်ရေးအတွက် အလေးအနက် တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။အဲဒီဘုံသဘောတူညီချက်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ တွေ့ဆုံနှီးနှော ဆွေးနွေးမှုတွေ ရုပ်လုံးပေါ်လာရေး၊ စစ်ရှောင် ပြည်သူတွေအတွက် အာဆီယံ အကူအညီနဲ့ လူသားချင်း စာနာမှု အထောက်အပံ့ လမ်းကြောင်းတွေ ဖော်ဆောင်ပေးရေး ဆိုတာတွေကို အဓိက ဦးတည်ထားပါတယ်။

ဆူဒါရီက အရှေ့တောင်အာရှ ဒေသဟာ စူပါပါဝါ နိုင်ငံကြီးတွေရဲ့ ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုမှာ စစ်တလင်းတစ်ခု ဖြစ်လာနိုင်ခြေကို နိုးနိုးကြားကြား သတိရှိကြဖို့ တိုက်တွန်းခဲ့ပြီး အဲဒီ အရှုပ်အထွေးတွေထဲမှာ ငြိစွန်းမသွားအောင် ပါးပါးနပ်နပ် တိမ်းရှောင်နိုင်ဖို့ အရေးကြီးကြောင်းလည်း AIPAမှာ ထောက်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Khmer Times

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံ နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပြီး ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ကမ္ဘောဒီးယား သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့တဲ့ ထိုင်းစစ်သားတွေကို ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။