Connect with us

Hi, what are you looking for?

သတင်း

TNLA သိမ်းပိုက်ထားသည့်နမ့်ခမ်းကို စစ်ကောင်စီလေကြောင်းမှ ၃ကြိမ်ဗုံးကြဲတိုက်ခိုက်

လောက်ကိုင် လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ

လောက်ကိုင် နှင့် နမ့်ခမ်း ကို စစ်​ကောင်စီက အောက်တိုဘာ ၂၇ ရက်တွင် ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-MNDAA ၊ TNLA

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေး ၁နှစ်ပြည့်နေ့ ဖြစ်သည့် ယနေ့ အောက်တိုဘာ ၂၇ရက်တွင် စစ်ကောင်စီက ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်နင့် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လောက်ကိုင်တွင် အရပ်သား ထိခိုက်မှုရှိခဲ့သည်။

နမ့်ခမ်းမြို့ကို စစ်ကောင်စီကယနေ့ (​အောက်တိုဘာ ၂၇) မနက်တွင် လေကြောင်းမှ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းTNLA က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည့် ​အောက်တိုဘာ ၂၇ မနက် ၇နာရီ ၃၅မိနစ်၊ ၇နာရီ ၄၅ နှင့် ၈နာရီ ၁၄ တို့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲလာခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိခိုက်သေဆုံး ရှိမရှိ ကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ကိုးကန့်တပ်မတော်(MNDAA) ကလည်း လောက်ကိုင် လေကြောင်း ဗုံးကြဲခံရမှု ကို အသိပေးထားရာ လူသေဆုံးမှု မရှိသော်လည်း ပြည်သူ ၄ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

​ယ​နေ့မနက်အစောတွင် အာဏာသိမ်း တပ်သည် အထူးဒေသ(၁)၏ မြို့တော် လောက်ကိုင်မြို့ရှိ လူနေရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၃လုံးထက်မနည်း ကြဲချခဲ့၍ ဟိုတယ်အဆောက်အအုံအများအပြား ဗုံးကြဲခံရကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်​နေ့တွင် ကိုးကန့်နှင့် TNLA ထိန်းချုပ်န်မြေများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ပိုလုပ်မည်ဟု သတင်းရရှိထားကြောင်းဒေသခံ သတင်းရင်းမြစ်အချို့က ​အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောကြားထားသည်။

၁၀၂၇ စစ်ဆင်​ရေးတွင် MNDAA နှင့် TNLA တို့က မြို့​ပေါင်း ၂၀ ​ကျော်ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook