Connect with us

Hi, what are you looking for?

သတင်း

ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည်သာဖြစ်ဟု မြန်မာသံအမတ်ကြီးပြော

နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၌ သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ထားအိ/People’s Spring

နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ ကျူးလွန်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည့် နည်းလမ်းများနှင့် ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးယန္တရားတို့နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီခွဲဥက္ကဋ္ဌနှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့အား သံအမတ်ကြီးက အကြံပြုချက်ပေးရန် တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများသည် ၂၀၂၁ ဖေဖော်ဝါရီ မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် စစ်အုပ်စုမှ ကျူးလွန်သော တရားလက်လွတ် ကွပ်မျက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သံအမတ်ကြီးက အောက်တိုဘာ ၂၅ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ)၌ အစီရင်ခံသည်။

ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုများမှာ စစ်အုပ်စုက အရပ်သားပြည်သူများမှ ၎င်းတို့အား ခုခံနေခြင်းကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ရယူရန်အတွက် အသုံးပြုသော ရက်စက်သည့် နည်းလမ်းများအနက် အချို့သာဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

စစ်အုပ်စုသည် အဆိုပါရက်စက်ကြမ်းတမ်းသော လုပ်ရပ်များကို စစ်ကြောရေး စင်တာများ၊ အကျဉ်းထောင်များနှင့် ကျေးရွာများအား အလစ်အငိုက်တိုက်ခိုက်ရာတွင် အများဆုံး အသုံးပြုလျက်ရှိသည်ကို ဗီဒီယိုရုပ်သံများ အပါအဝင် အစီရင်ခံစာ အများအပြားမှတဆင့် လေ့လာတွေ့ရှိရကြောင်းလည်း ဆက်ပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၌ သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနေဖြင့် ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့ခ်ပေးခြင်း၊ အသက်ရှူကြပ်သည် အထိ လည်မျိုညှစ်ခြင်းတို့ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်သည်းများအား ပလာရာများဖြင့် ညှပ်ထုတ်ခြင်း၊ သက်ငယ်များနှင့် အရွယ်ရောက်ပြီး သူများအား ကျားမမရွေး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်ခြင်း၊ လိင်အင်္ဂါများအပေါ် မီးလောင်မြိုက် ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကျားမအခြေပြုရာဇဝတ်မှု များနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မပေးအပ်ခြင်း စသည့် ပုံစံများဖြင့် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ခံထားရကြောင်း ရှင်းပြသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဖြစ်စဉ်မှာ လက်ငင်း ဖြစ်စဉ်တစ်ခုပင်ဖြစ်ပြီး ၎င်းသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သင့်တင့်လျောက်ပတ်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိ၍ အောက်တိုဘာ ၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း ဥပမာပေး ရှင်းလင်းသည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီလက်ထဲမှ ဖမ်းဆီးခံရသူများအား အကာအကွယ်ပေးရေးနှင့် သေဆုံးသူများအတွက် တရားမျှတမှုဖော်ဆောင်ရေးတို့က ညီတူညီမျှ အရေးကြီးကြောင်း သံအမတ်ကြီးက ကုလညီလာခံသို့ ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှတ်တမ်းများအရလည်း စက်တင်ဘာ လကုန်အထိ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးသူ အယောက်ပေါင်း (၁,၉၀၂) ဦးခန့်ရှိပြီး ယင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၅,၇၁၂)၏ ၃၃.၃ ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါညွှန်းကိန်းများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ချဲ့ထွင်နေခြင်းနှင့် ၎င်းတို့၏ ပြစ်မှုများမှာ စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း သံအမတ်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။