Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် “သွေးကြွေးမှာဆွေးနွေးစရာမရှိ မမေ့ဘူး ဘုတလင်” ဘန်နာစာသား ချိတ်ဆွဲ

ရန်ကုန်မြို့မီးရထားဂုံးကျော်တံတားတစ်ခုပေါ်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSCမှ ဦးဆောင်ကာ “သွေးကြွေးမှာဆွေးနွေးစရာမရှိ မမေ့ဘူး ဘုတလင်” ဘန်နာစာသားအားချိတ်ဆွဲ၍ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ (အောက်တိုဘာ ၂၇) က ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - NGYSC

သုည/People’s Spring

ရန်ကုန်မြို့မီးရထားဂုံးကျော်တံတားတစ်ခုပေါ်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSC မှ ဦးဆောင်ကာ “သွေးကြွေးမှာဆွေးနွေးစရာမရှိ မမေ့ဘူး ဘုတလင်” ဘန်နာစာသားအားချိတ်ဆွဲ၍ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ (အောက်တိုဘာ ၂၇) က ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်က ဘုတလင် စီပါကျေးရွာရှိ ပြည်သူများကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော စက်ဆုပ်စရာလုပ်ရပ်များနည်းတူ အခြားသော စစ်ရာဇဝတ်မှုများကို လူထုအနေဖြင့် သွေးအေးမေ့လျော့မသွားဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ လူထုအားဖြင့် တော်လှန်ကြရန်အတွက် လှုံ့ဆော်ခြင်း ဖြစ်ကြောင်း NGYSC က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများတင်းကြပ်စွာ လှည့်လည်နေသော်လည်း တော်လှန်လူငယ်များက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

Trending

Facebook