Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်

အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းစခန်းတစ်ခု သိမ်းပိုက်စဉ် ရရှိသော လက်နက်ခဲယမ်းများကိုလည်း ကော်ဘရာပူးပေါင်းတပ်အချို့က အသိပေးထားသည်။

(အောင်ဇေယျစစ်ကြောင်းကို ​ဒေါန​တောင်တွင် ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်​နေ​သော ​ကောဘရာမှ ဗိုလ်ဒါဘောနှင့် အတူအောက်တိုဘာ ၂၈ရက်က အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ -​ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ - ၂)
(အောင်ဇေယျစစ်ကြောင်းကို ​ဒေါန​တောင်တွင် ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်​နေ​သော ​ကောဘရာမှ ဗိုလ်ဒါဘောနှင့် အတူအောက်တိုဘာ ၂၈ရက်က အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ -​ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ - ၂)

▪️အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းစခန်းတစ်ခုကို KNLAပူးပေါင်းတပ် သိမ်းပိုက်

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​ ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက် နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၈ရက်တွင် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းစခန်းကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းနေရာအား အောက်တိုဘာ ၂၈ရက်တွင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ရက်တွင် နယ်မြေရှင်းလင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အောင်ဇေယျက တက်လာတဲ့အချိန်မှာ တိုးတာ။ အခုက KNUက ခံစစ်ကနေ တိုက်စစ်ပုံစံပြောင်းပြီး တိုက်တဲ့အနေအထားဖြစ်သွားပြီ။ စွယ်တော်ကုန်းက အင်အားလည်း အောင်ဇေယျဆီ အာရုံရောက်သွားပြီ။ အောင်ဇေယျက အရင်က ရင်ဆိုင်နေရတာထက် ခုက လေးငါးဆပိုများတဲ့ အင်အားနဲ့ ရင်ဆိုင်ရတော့မယ်။ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ ပွဲကကြည့်ကောင်းပြီ”ဟုကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး အလောင်း ခုနစ်လောင်း ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တော်လှန်ရေးတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းစခန်းတစ်ခု သိမ်းပိုက်စဉ် ရရှိသော လက်နက်ခဲယမ်းများကိုလည်း ကော်ဘရာပူးပေါင်းတပ်အချို့က အသိပေးထားသည်။

“မြဝတီကို သွားတဲ့လမ်းကို ခုထိ ရှာမတွေ့သေးတဲ့ အောင်ဇေယျလေးကို ဗိုလ်ဒါဘောရဲ့သားများက လမ်းပြပေးလို့တဲ့ကျေးဇူးပြန်ဆပ်တဲ့ လက်ဆောင်တွေ အများကြီးပဲ။ လမ်းတော့ လမ်းပဲ ငရဲကိုသွားတဲ့လမ်း”ဟု ကော်ဘရာစစ်ကြောင်း​၏ တပ်ခွဲ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)က သိမ်းရသော လက်နက်ခဲယမ်းများဖြင့် အသိပေးထားသည်။

ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့အပြင် မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်​၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။

အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ​၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။