Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားတပ် ABSDF၏ တော်လှန်ရေး (၃၆)နှစ်အတွင်း တပ်ဖွဲ့ဝင်ရဲဘော် ၈၀၀ကျော်ကျဆုံး

ABSDF မွေးနေ့တွင် တပ်ဖွဲ့ဝင် ရဲဘော်ထုသို့ ဥက္ကဋ္ဌရဲဘော်သံခဲက ပေးပို့သည့် သဝဏ်လွှာကိုလည်း ထုတ်ပြန်ခဲ့ရာ (၃၆)နှစ်တာကာလအတွင်း တော်လှန်ရေးသမိုင်း၌ ကျဆုံးခဲ့သည့်အာဇာနည်ရဲဘော်အပေါင်းကို ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

((၃၆)နှစ်မြောက် ရှစ်လေးလုံးအခမ်းအနားတွင် တွေ့ရသော ABSDF ရဲဘော်များ။ ဓာတ်ပုံ - ABSDF)
((၃၆)နှစ်မြောက် ရှစ်လေးလုံးအခမ်းအနားတွင် တွေ့ရသော ABSDF ရဲဘော်များ။ ဓာတ်ပုံ - ABSDF)

▪️စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ ဆက်လက် လက်တွဲတိုက်ပွဲဝင်နိုင်ရေး ကြိုးစားရန်အဖွဲ့ဥက္ကဋ္ဌ မှာကြား

ဟန်နွေ/People’s Spring

ကျောင်းသားတပ်မတော်ဟု လူသိများသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)-ABSDF ဖွဲ့စည်းတည်ထောင်မှု (၃၆)နှစ်တာ တော်လှန်ရေးခရီးစဉ် အတွင်း ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၈၂၆ ဦးကျဆုံးကာ ၄၃၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ABSDFက ယနေ့ (နိုဝင်ဘာ ၁ရက်) ထုတ်ပြန်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ နိုဝင်ဘာ ၁ ရက် တွင် ထိုင်း – မြန်မာနယ်စပ် ကရင်အမျိုးသား အစည်းအရုံးနယ်မြေတနေရာတွင် စတင်ထူဖောင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ (နိုဝင်ဘာ ၁ရက်) ကျရောက်သည့် ABSDF တည်ထောင်မှု နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်၌ ယခုကဲ့သို့ အသိပေးသည်။ ABSDFကို ဦးတည်ချက် ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး တို့ ဖြစ်ပြီး အဆိုပါနိုင်ငံရေးဦးတည်ချက်တို့အတွက် ဘဝများစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် သမိုင်းမှတ်တမ်းအဖြစ် ဂုဏ်ယူတန်ဖိုးထားရမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်အချုပ်အချာ အာဏာကို လက်နက်ဖြင့် လုယူသိမ်းပိုက်ခဲ့သည့် အကျိုးဆက်ကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေ များ ယိုယွင်းပျက်ဆီးလာခဲ့ပြီး တတိုင်းပြည်လုံး အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်ကြရသော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ တနံတလျားကျယ်ပြန့် လာခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံက အရှိန်မြှင့် ဆောင်ရွက်ကြရမည့်အချိန်ဟု အလေးအနက် ခံယူကြောင်း ဖော်ပြထားသည်။

ကျယ်ပြန့်လာသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင် တော်လှန် ရေး၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အခိုင်အမာလက်တွဲကာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် မျိုးဆက်သစ်များသည်လည်း လက်တွေ့တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးသည်။

ABSDF မွေးနေ့တွင် တပ်ဖွဲ့ဝင် ရဲဘော်ထုသို့ ဥက္ကဋ္ဌရဲဘော်သံခဲက ပေးပို့သည့် သဝဏ်လွှာကိုလည်း ထုတ်ပြန်ခဲ့ရာ (၃၆)နှစ်တာကာလအတွင်း တော်လှန်ရေးသမိုင်း၌ ကျဆုံးခဲ့သည့်အာဇာနည်ရဲဘော်အပေါင်းကို ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏နိုင်ငံရေးသမိုင်း စာမျက်နှာသစ်ကို ရေးထိုးနေကြပြီဖြစ်ပြီး မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကြီးတခု မကြာမှီ ကျရောက်တော့မည်မှာ ထင်ရှားကြောင်း ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

” အဲဒီလို နိုင်ငံရေးပြဋ္ဌာန်းချက်တွေအောက်မှာ ငါတို့ မကဒတ (ကျောင်းသားတပ်မတော်) ဟာ လက်ရှိ နွေဦးတော်လှန်ရေးမှာ မျိုးဆက်သစ်များကို လေ့ကျင့်ပျိုးထောင်ရင်း မဟာမိတ်အင်အားစု တွေနဲ့အတူ ဆက်လက် ချီတက်တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမယ်”ဟု ရဲဘော်သံခဲက ပြောသည်။

လူမျိုးပေါင်းစုံတိုင်းရင်းသား ပြည်သူလူထုကြီးနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာလက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ABSDFက ထပ်လောင်း အသိပေးထုတ်ပြန်လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်ရွာစစ်ကောင်စီဗျူဟာကုန်းနှင့်ဒေသတွင်း တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ABSDFက ထုတ်ပြန်အသိပေးထားသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Facebook